1. Home
  2. Movie Stars - Celebrity

ဇနီးဟောင်းနစ်ကိုးကစ်ဒ်မန်း ရဲ့ သားဖြစ်သူကိုနေအိမ်သို့ ဖိတ်ခေါ်တွေ့ဆုံခဲ့တဲ့ တွမ်ခရုစ်

Movie Stars - Celebrity ม.ค. 29, 2562 view 1,533

လက်တလော ရုံတင်ပြသသွားတဲ့ Aqua Man ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကဇာတ်ဆောင်မင်းသမီးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးကြီး နစ်ကိုးကစ်ဒ်မန်း ကိုတော့လူတိုင်းသိလိမ့်မယ်ထင်ပါတယ်။ ဒီလိုပါပဲ Mission Impossible ရဲ့ မင်းသားကြီး တွမ်ခရုစ်ကိုလဲလူတိုင်းသိမယ်ထင်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ချိန်က လိုက်ဖက်လွန်းတဲ့စုံတွဲ၊ လူအများအားကျရတဲ့ဇနီးမောင်နှံဖြစ်ခဲ့ကြပါတယ်။

နစ်ကိုးနဲ့ တွမ်တို့ နှစ်ယောက်သားရွှေလက်တွဲစဉ်ကာလတွေတုန်းက Isabella Jane Cruise နဲ့ Conor Cruise ဆိုတဲ့ မောင်နှမနှစ်ယောက်ကိုမွေးစားခဲ့ပါတယ်။ နစ်ကိုးနဲ့တွမ်တို့ ၂၀၀၁ ခုနှစ်မှာ သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲခဲ့ပြီး ကလေးနှစ်ယောက်က နစ်ကိုးနဲ့အတူ သြစတေးလျကိုလိုက်သွားတာပဲဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ အကြီးဖြစ်သူ Isabella Jane က အိမ်ထောင်ကျပြီး လန်ဒန်မှာခင်ပွန်းသည်နဲ့အတူနေထိုင်နေတယ်လို့သိရပါတယ်။ အငယ်ဖြစ်တဲ့ Connor ကပဲ အမေနဲ့အတူကျန်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ Conor ဟာအသက် ၂၄ နှစ်ရှိပြီဖြစ်ပြီး သိပ္ပံပညာရှင်အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်တစ်ယောက်လဲဖြစ်နေပါပြီ။ Connor ရဲ့ ဝါသနာအပါဆုံးအလုပ်ကတော့ ငါးဖမ်းတာပါတဲ့။ Connor ကို သူ့ရဲ့ အဖေဖြစ်သူ တွမ်ခရုစ်က Fla မှာရှိတဲ့  နေအိမ်ကို ငါးအတူဖမ်းကြဖို့ ဖိတ်ခေါ်ခဲ့ပါသတဲ့။ လက်ရှိမှာတော့ဒီသတင်းဟာ ဟိုးလေးတကျော်ကျော်ဖြစ်နေပါတယ်။

နစ်ကိုးနဲ့ကွာရှင်းပြီးကတည်းက သားဖြစ်သူနဲ့မတွေ့ရတာ အချိန်ကာလအပိုင်းအခြား တော်တော်ကြာမြင့်ခဲ့ပါပြီ။ ဒီလို Connor တစ်ယောက် ကောင်းကောင်းမွန်မွန်ကြီးပြင်းလာပြီး ကိုယ့်ဘဝကိုယ်ကျောင်းလမ်းနိုင်တာကို မြင်ရတာ တွမ်အနေနဲ့အရမ်းဝမ်းသာအားရ ဖြစ်နေပုံပါပဲ။ သားဖြစ်သူကိုတစိမ့်စိမ့်ကြည့်ပြီး ပြုံးနေတဲ့ သူ့အပြုံးတွေက ဖခင်တစ်ယောက်ရဲ့ မေတ္တာကိုအပြည့်အဝဖော်ပြနေပါတယ်။

ပရိတ်သတ်ကြီးရေ တွမ်ခရုစ်တစ်ယောက် သားဖြစ်သူကိုပေးတဲ့မေတ္တာတွေကအေးမြတယ်လို့မထင်မိဘူးလား။ Tom နဲ့ Connor ကြားက နက်ရှိုင်းတဲ့သားအဖမေတ္တာကိုခံစားမိတယ်ဆိုရင် like&share လေးလုပ်ဖို့လဲမမေ့ကြနဲ့ဦးနော်။



Follow us on