1. Home
  2. Special or Others

ကောင်လေးတွေကို အပေးကြမ်းလွန်းလို့ ပိတ်ခံလိုက်ရတဲ့ အမျိုးသမီးသီးသန့် နိဗ္ဗာန်ခန်း

Special or Others ม.ค. 30, 2562 view 2,294
တရုပ်နိုင်ငံရှန်ဟိုင်းမြို့က အင်မတန်မှ ဈေးကြီးပြီး သုံးနိုင်ဖြုန်းနိုင်တဲ့ အမျိုးသမီး (ဘောစိ) သူဌေးမကြီးများ အတွက် ရည်ရွယ်ပြီးဖွင့်ထားတဲ့ နိဗ္ဗာန်ခန်း(ကလပ်)တစ်ခုဟာ လူမှုကွန်ယက်ပေါ်မှာ ကောင်လေးတစ်ယောက်ကို အပေးကြမ်းတဲ့ ပုံတွေ ရုပ်သံတွေနဲ့တကွ ပေါက်ကြား ပျံ့နှံ့ခဲ့တာကြောင့် ပိတ်ခံလိုက်ရပါတယ်။
 
 
အဆိုပါ နိဗ္ဗာန်ခန်းမှာ အမျိုးသမီးတွေကိုဖျော်ဖြေနေတဲ့ ကောင်လေးတွေ များစွာထဲက တစ်ယောက်ဟာ အသက် ၂၈ နှစ်ပြည့်သွားတာကြောင့် သူ့ကို သဘောကျနေတဲ့ ဖောက်သည် သူဌေးမကြီးတွေက သူ့မွေးနေ့အတွက် လက်ဆောင်တွေ မြင်မကောင်းလောက်အောင် ရက်ရက်ရောရော ပေးခဲ့တဲ့ ပုံတွေဟာ တရုပ်လူမှုကွန်ယက် ဝီဘိုမှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
 
 
လက်ဆောင်တွေအားလုံးဟာ အဖိုးတန်တွေချည်းပဲ ဖြစ်တဲ့အပြင် ယွမ်ငွေ ၂၈၀,၀၀၀ (ကျပ် သိန်း ၆၀၀ ကျော်) ငွေသားအပြင် Audi ကားသစ်ကြီးတစ်စီးလည်း ပါတာတယ်လို့ သိရပါတယ်။ ဒီသတင်းတွေ အွန်လိုင်းမှာ ပျံ့နှံ့ပြီးပြီးခြင်း ရဲတွေက ကလပ်ကို ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ကလပ် အပိတ်ခံခဲ့ရပါတယ်။
 
 
 
ဒီကလပ်ဟာ သူဌေးမကြီးတွေအတွက် ရည်ရွယ်ထားပြီး ယွမ်ငွေ သန်း ၂၀ ကုန်ကျခံပြင်ဆင်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ကလပ်မှာ ကောင်လေးချောချောလေးတွေကို ဖျော်ဖြေရေးအတွက် ခန့်ထားပြီး သီသန့်အခန်းပေါင်း ၁၉ ခန်းထက်မနည်း ရှိတယ်လို့ သိရပါတယ်။
 
 
ကောင်လေးတွေရဲ့ လစာဟာ တစ်လကို ယွမ် ၈၀,၀၀၀ (ကျပ်သိန်း ၁၈၀ နီးပါး) ရပါတယ်။ သဒ္ဒါကြေးများမှာ အနည်းဆုံး ယွမ် ၁,၀၀၀ ကနေ စရကြတာမို့ သူတို့ရဲ့တစ်လ ဝင်ငွေဟာ ကြောက်စရာကောင်းလှပါတယ်။ ဒီကလပ်မှာ အလုပ်လုပ်မယ်ဆိုရင်တော့ ရုပ်ဖြောင့်ရမယ်၊ အသက်ငယ်ရမယ် အနည်းဆုံးအရပ် ၁၈၀ စင်တီမီတာ ရှိရမှာဖြစ်ပါတယ်။ 
 
 
အခုတော့ မမကြီးတွေရဲ့ အပေးအကမ်း ရက်ရောလွန်းတာကြောင့် သူတို့ရဲ့ သီသန့်နိဗ္ဗာန်ဘုံလေး ပျောက်ဆုံးသွားခဲ့ရပါပြီ၊ ကလပ်ပြန်ဖွင့်ခွင့်ရ မရ ဆိုတာကိုတော့ မသိရှိရသေးပါ။


Follow us on