တစ်ချိန်က ကမ္ဘာကျော်ဟောလိဝုဒ်စုံတွဲ ဂျိုလီနဲ့ ဘရက်ပစ်ဆိုရင်ပရိတ်သတ်ကြီးကို အထူးတလည်မိတ်ဆက်ပေးစရာလိုမယ် မထင်ပါဘူး။
ဘရက်ပစ်နဲ့ ဂျိုလီတို့ဟာ ၂၀၁၆ ခုနှစ်မှာရုံးတင်ကွာရှင်းခဲ့ကြပြီး ၂၀၁၈ မှာ ကလေးတွေကို ကိုယ်စီတာဝန်ယူစောင့်ရှောက်ပိုင်ခွင့် ရရှိခဲ့ကြပါတယ်။ ဘရက်ပစ်က သားအကြီး နှစ်ယောက်ကို ဘရက်ပစ်ကတာဝန်ယူ စောင့်ရှောက်ခွင့်ရရှိခဲ့ပြီး ကျန်တဲ့ အငယ် (၄) ယောက်ကိုတော့ ဂျိုလီက စောင့်ရှောက်ခွင့်ရရှိခဲ့ပါတယ်။
ဘရက်ပစ်နဲ့ ဂျိုလီတို့ ဟာ အိမ်ထောင်ကျအပြီး သားသမီး သုံးယောက်ကို မွေးစားခဲ့ပါတယ်။ ဒါကြောင့် သူတို့သားသမီးတွေထဲမှာ အကြီးသုံးယောက်က မွေးစားထားတာဖြစ်ပြီး အငယ် သုံးယောက်က သားသမီးအရင်းဖြစ်ပါတယ်။
အားလုံးထဲကမှ အငယ်ဆုံးသမီးလေး ဗီဗီယန်က အဖေ၊ အမေကို အကပ်ဆုံးဖြစ်ပါတယ်။ အငယ်ဆုံးလေးက အမြွှာမောင်နှမထဲက အငယ်လေးပဲဖြစ်ပါတယ်။ ဂျိုလီနဲ့ ပစ်မှာ နော့စ်နဲ့ ဗီဗီယန်ဆိုတဲ့ အမြွှာမောင်နှမရှိပါတယ်။
ဗီဗီယန်ဟာ လက်ရှိမှာ အသက်ဆယ်နှစ်ရှိပြီဖြစ်ပြီး အမေဖြစ်သူနဲ့အတူ Malificent ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်သရုပ်ဆောင်ဖူးပါတယ်။ ဒါကြောင့် ဗီဗီ့ကို ပရိတ်သတ်တွေက မျက်မှန်းတန်း မှတ်မိနေတာဖြစ်ပါတယ်။
အငယ်ဆုံးသမီးလေးဖြစ်တဲ့ ဗီဗီယန်ဟာ အဖေဖြစ်သူဘရက်ပစ်ကိုလဲ ရရင်ရသလို ကပ်ချွဲတတ်တဲ့သူလေးပါပဲ။ ပစ်တစ်ယောက် လက်ရှိမှာ ဂျိုလီနဲ့ကွဲသွားပြီး ဗီဗီယန်နဲ့ လဲဝေးသွားပြီဖြစ်တဲ့အတွက် သမီးငယ်ကိုအဝေးကြည့်လေးနဲ့ပဲ ချစ်နေရပါတယ်။
တစ်နေ့တခြား အရွယ်ရောက်လာပြီဖြစ်တဲ့ ဗီဗီယန်ကိုကြည့်ပြီး ဂျိုလီနဲ့ တူလာတယ်လို့ ပစ်က Enews ကိုပြောကြားထားပါတယ်။ ကလေးတွေ အမေလက်ထဲမှာ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတာကိုမြင်ရတော့ သူဝမ်းသာမိတယ်လို့ ပစ်ကဆိုထားပါတယ်။ ဒါ့အပြင် ပစ်က သမီးငယ်လေး ဗီဗီယန်တစ်ယောက် ကြီးလာလေလေ အမေဖြစ်သူဂျိုလီနဲ့ တူလာတာကိုကြည့်ပြီး ဝမ်းသာပီတိ ဖြစ်မိတယ်လို့လဲ ပြောထားပါသေးတယ်။