တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်အမျိုးသမီးအဆိုတော်အဖွဲ့ တစ်ခုဖြစ်တဲ့ Black Pink အဖွဲ့မှ အငယ်ဆုံးအဖွဲ့ဝင် Lisa ဟာ ဆိုရင် အဖွဲ့ထဲမှာ တစ်ဦးတည်းသော ထိုင်းလူမျိုးအဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။
အငယ်ဆုံးဖြစ်ပေမယ့် Rap Skill နဲ့ dance မှာထူးချွန်လှပြီး သူမရဲ့ ချစ်စရာဟန်ပန်လေးတွေကြောင့် ပရိတ်သတ်တွေရဲ့ အချစ်တွေကိုအပြည့်အဝရရှိထား သူတစ်ယောက်ဆိုလဲမမှားပါဘူး။
အငယ်ဆုံးလေးပေမယ့် အဖွဲ့ဝင်အစ်မတွေကိုချစ်ပြီး ဂရုစိုက်ပေးတတ်တာ သူမရိုက်ပေးထားတဲ့ ဓာတ်ပုံတွေကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။
Black Pink အဖွဲ့ဝင်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာဓာတ်ပုံလေးတွေကို တင်ပေးလေ့ရှိပါတယ်။ Jennie ၊ Jisoo ၊ Rose တို့က သူတို့ရဲ့ ဓာတ်ပုံကို အများဆုံး ရိုက်ပေးတဲ့လူက Lisa ဖြစ်တယ်လို့ တီဗွီအစီအစဉ်တစ်ခုမှာပြောဖူးပါတယ်။
Lisa ကိုယ်တိုင်ကလဲ ကတာနဲ့ သီချင်းဆိုတာ ပြီးရင်ဓာတ်ပုံရိုက်ရတာ ဝါသနာအပါဆုံးလို့ ပြောဖူးပါတယ်။ သူမမှာ အမျိုးအစားမတူတဲ့ ကင်မရာပေါင်း ၁၉ ခုရှိပါတယ်။ Lisa ကိုယ်တိုင် သူမရဲ့ ကင်မရာကို အပြင်သွားတိုင်း ယူသွားလေ့ရှိပြီး အဖွဲ့ဝင်အစ်မတွေကို ဓာတ်ပုံရိုက်ပေးတတ်တယ်လို့ ပြောထားပါတယ်။
Lisa ရဲ့ ကင်မရာတွေအကုန်လုံးကို တန်ဖိုးတွက်ကြည့်တဲ့အခါမှာတော့ ဒေါ်လာ ၂ သောင်းကျော်နေတာကို တွေ့ရပါတယ်။ Lisa ပိုင်ဆိုင်တဲ့ ကင်မရာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Source-Koreaboo