Channel 7 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသတဲ့ Running Man က အရပ်အပုဆုံးအဖွဲ့ဝင် ဖြစ်တဲ့ ဟာရိုရို(ခေါ်) ဟားဟားကို ပရိတ်သတ်ကြီးနဲ့ အထူးတလည်မိတ်ဆက်ပေးစရာ လိုမယ်မထင်ပါဘူး။
ဟားဟား တစ်ယောက် 2012 မှာ တောင်ကိုးရီးယားနိုင်ငံ ဇာတ်ဝင်တေးသီချင်းများ သီဆိုရာမှာ နာမည်ကြီးတဲ့ အဆိုတော် Byul နဲ့လက်ထပ်ခဲ့ပါတယ်။ 2013 မှာ သားအကြီးဖြစ်တဲ့ Dream ကိုမွေးဖွားခဲ့ပြီး 2017 မှာတော့ သားငယ် So wool ကိုမွေးဖွားခဲ့ပါတယ်။
လက်ရှိမှာတော့ ဟားဟားရဲ့ ဇနီးသည် Byul ဟာတတိယမြောက် ကိုယ်ဝန်ကိုလွယ်ထားရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က MBC ရုပ်သံကထုတ်လွှင့်ခဲ့တဲ့ ရေဒီယိုအစီအစဉ်တစ်ခုမှာ ကိုယ်ဝန်လွယ်ထားရတဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး အင်တာဗျူးတဲ့အခါမှာတော့ သမီးလေး လိုချင်တယ်လို့ ပြောကြားထားပါတယ်။
ရေဒီယိုအစီအစဉ်မှာ MC အဖြစ်တင်ဆက်တဲ့ Kim Shin Young ကို Byul က တကယ်လို့ သမီးလေးတကယ်မွေးခဲ့ရင် ဆန်မုန့်ပို့လိုက်မယ်လို့ ပြောပါတယ်။ သူမအနေနဲ့ ဒီတတိယမြောက် ကလေးကို မိန်းကလေး လိုချင်ကြောင်း၊ ဟားဟားကလဲ ထိုနည်းလည်းကောင်းဖြစ်ကြောင်း၊ ကလေးရဲ့ Gender ကိုစစ်ဖို့ လုပ်နေကြောင်း ပြောကြားထားပါတယ်။
ပရိတ်သတ်ကြီးရေ Running Man မှအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဟားဟားကတော့ သားနှစ်ယောက်အပြင် မကြာခင်မှာနောက်ထပ် ရင်သွေးလေးတစ်ယောက်ပါ လူ့လောကကြီးထဲကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ဟားဟား အတွက် ဝမ်းမြောက် ဂုဏ်ယူမိတယ်ဆိုရင် Like&Share လေးလုပ်ဖို့လဲ မမေ့ကြနဲ့ဦးနော်။