စူးရှထက်ကိုတော့ ပရိသတ်တွေက အဆိုတော်အစ္စဏီနဲ့ပတ်သက်ပြီး သိလာတယ်လို့ပဲ ဆိုရပေမည်။ ချစ်သူဟောင်းဖြစ်သူ အစ္စဏီနဲ့ အမှုအခင်းတေဖြစ်ပြီးနောက် ပရိသတ်တွေကသနားဂရုဏသက်ခဲ့ကာ အားပေးချစ်ခင်ခဲ့ရတဲ့ မော်ဒယ်မလေး စူးရှထက်ကတော့ ယခုဆိုရင် အနုပညာနယ်ပယ်ထဲမှာ နေရာတစ်နေရာရရှိထားပြီပဲဖြစ်ပါတယ်။ လှပပြေပြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ကောက်ကြောင်းတို့ကိုပိုင်ဆိုင်ထားသူဖြစ်တာကြောင့် ပုရိဿတွေကပါဝန်းရံခဲ့ကြတဲ့ စူးရှထက်ကတော့ Photo model အဖြစ်ကနေ သီချင်း MV တွေမှာ ပါဝင်သရုပ်ဆောင်တဲ့ထိ အောင်မြင်မှုတွေကို ရရှိနေပြီပဲဖြစ်ပါတယ်။
စူးရှထက်ဟာဆိုရင် သူမရဲ့အနုပညာဝမ်းစာနဲ့ မိဘကိုလုပ်ကျွေးပြုစုနေရှာတဲ့ သမီးအလိမ္မာလေးတစ်ယောက်လည်းဖြစ်ပါတယ်။ ပြင်းထန်တဲ့ဝေဖန်မှုတွေကို ကြုံခဲ့ရပေမယ့် မယိုင်လဲပဲ အနုပညာအလုပ်တွေကို အကောင်းဆုံးလုပ်ကိုင်နေတဲ့ စူးရှထက်ကတော့ မကြာခဏဆိုသလို သူမရဲ့အလှတို့ကိုပေါ်လွင်ထင်ရှားစေတဲ့ ဖက်ရှင်တွေနဲ့ အမိုက်စားပုံတွေရိုက်ကူးပြီး လူမှုကွန်ယက်ကနေမျှဝေပေးလေ့လည်းရှိပါတယ်။
အတိတ်ဆိုးကြီးကိုမေ့ဖျောက်ကာ တစ်ကိုယ်တည်းဘ၀မှာ ပျော်ရွှင်နေတဲ့ စူးရှထက်ကတော့ မကြာခင်ကျရောက်လာတော့မယ့် ချစ်သူများနေ့နဲ့ပတ်သက်ပြီး ပရိသတ်တွေကို အကြံတစ်ခုပေးလိုက်ပါတယ်။ သူမကတော့ မီဒီယာတစ်ခုရဲ့ အင်တာဗျူးမှာ “ချစ်သူများနေ့ Valentine Day (၁၄) ရက်နေ့မှာ လျှောက်မသွားကြနဲ့၊ အိမ်မှာနေကြ၊ အပြင်ထွက်ရင်လဲ မှတ်ပုံတင်တွေယူသွားကြ” ဆိုပြီး ရယ်မောကာ စနောက်လိုက်တာပဲဖြစ်ပါတယ်။
ရင်သွားခွဲစိတ်မှုပြုပြင်ထားတဲ့ စူးရှထက်ဟာ မကြာခဏဆိုသလိုပင် သူမရဲ့ရင်သားနဲ့ပတ်သက်ပြီး Troller တွေနဲ့ စနောက်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။ သူမကို Toll လုပ်ကြတာနဲ့ ပတ်သက်ပြီးလည်း အပြစ်မမြင် စိတ်မဆိုးကြောင်းနဲ့ ရင်သားကပြုပြင်ကာစမို့ အသားမကျသေးတာနဲ့ ကြာလာရင်တော့ ကြည့်ကောင်းသွားမှာဖြစ်ကြောင်းကို ပြောပြသွားခဲ့ပါတယ်။ နောက်ထပ်လဲ သူမအနေနဲ့ နှာခေါင်းကိုပြုပြင်ခွဲစိတ်မှု လုပ်သွားဖို့ရှိတယ်လို့လဲ သိရပါတယ်။
ဝေဖန်ပြောဆိုမှုတွေ၊ တိုက်ခိုက်မှုတွေကြားထဲကနေ ကြံ့ကြံ့ခံရင်ဆိုင်ကာ အနုပညာအလုပ်တွေကို အကောင်းဆုံးလုပ်ကိုင်နေတဲ့ ပေပီမွစိကို ချစ်ရင်ဆက်လက်အားပေးလိုက်ကြပါဦးနော်…
Source_Sunday Journal