1. Home
  2. Movie Stars - Celebrity

ဆိုရှယ်မီဒီယာမှာကိုယ့်ပုံကိုယ်တင်မိလို့ တရားစွဲခံခဲ့ရတဲ့ Gigi Hadid

Movie Stars - Celebrity ก.พ. 01, 2562 view 1,550

Victoria Secret Model တစ်ဦးဖြစ်တဲ့ Gigi Hadid ဟာဆိုရင် များပြားလှတဲ့ ဖက်ရှင်ရှိုးတွေ လျှောက်လှမ်းလာခဲ့ပြီးဖြစ်ပါတယ်။ Gigi ဟာ ၂၀၁၁ ခုနှစ်ကနေစတင်ပြီး မော်ဒယ်လောကကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

သူမရဲ့ ကျော့ရှင်းတဲ့ ကိုယ်ခန္ဓာအလှနဲ့ ဖက်ရှင်စတိုင်တို့ကြောင့် ဆယ်ကျော်သက်လူငယ်တွေနဲ့ ရွယ်တူလူငယ်တွေကြားမှာ ရေပန်းစားသူတစ်ယောက်ဖြစ်ပြီး ၂၀၁၉ ခုနှစ်ရဲ့ လူအများစောင့်ကြည့်တာခံရတဲ့ Fashion Icon ဆိုလဲမမှားပါဘူး။

Gigi ဟာ Fashion Show များစွာကိုလျှောက်ဖူးသူတစ်ဦးဖြစ်ပြီး များစွာသောပွဲတွေကို တက်လာတာကြောင့် မတူညီတဲ့ မီဒီယာတွေ၊ မော်ဒယ် အေဂျင်စီတွေ၊ ပါပါရာဇီတွေရဲ့ ဓာတ်ပုံရိုက်ကူးခြင်းကိုခံနေရသူတစ်ဦးပါ။

သူမအနေနဲ့ လှတဲ့ပုံလေးတွေကို သူမရဲ့ Instagram account မှာတင်ပြီး ပြန် share လေ့ရှိပါတယ်။ Gigi တစ်ယောက် ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က ဖက်ရှင်ရှိုးပွဲတစ်ခုက ပုံကို သူမရဲ့ instagram မှာတင်ခဲ့ပါတယ်။

Gigi ဟာတခြားသူရိုက်ကူးထားတဲ့ သူမပုံကို ခွင့်တောင်းခြင်းမရှိပဲ ဆိုရှယ်မီဒီယာအပေါ်တင်ခဲ့တဲ့အတွက် ရိုက်ကူးတဲ့ဓာတ်ပုံဆရာက သူမကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဟောလိဝုဒ်ဆယ်လီတွေအနေနဲ့ ဒီလိုအဖြစ်အပျက်မျိုး အများအပြားကြုံတွေ့ခဲ့ဖူးပြီး မတရားသဖြင့်လျော်ကြေးငွေတောင်းခံခဲ့ရတာမျိုးလဲ ရှိကြပါတယ်။

အနုပညာနဲ့ဖျော်ဖြေရေးဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်တဲ့ Bryan Sullivan က ဓာတ်ပုံထဲမှာ ပါတဲ့သူက မည်သူဖြစ်ပါစေ၊ ဓာတ်ပုံဆရာကသာ ဓာတ်ပုံကိုပိုင်တဲ့လူဖြစ်တဲ့အတွက် Copyright ညှိတာလို့ပြောထားပါတယ်။ Gigi တစ်ယောက် မိမိပုံပါလို့တင်မိရာက Copyright ညှိသွားခြင်းပဲဖြစ်ပါတယ်။

(ပိုပိုလေး)

 

 



Follow us on