ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုဖြစ်တဲ့ Batman ကိုတော့ ပရိတ်သတ်ကြီးနဲ့ စိမ်းမယ်မထင်ပါဘူး။ ပြီး ခဲ့တဲ့ရက်ပိုင်းအနည်းငယ်က Batman မင်းသားကြီး Ben Affleck က ၂၀၁၂ မှာ ရုံတင်ပြသဖို့ ရိုက်ကူးတော့မယ့် The Batman မှာပါဝင်တော့မှာ မဟုတ်ကြောင်း သူ့ရဲ့ Twitter စာမျက်နှာမှတစ်ဆင့်ဖော်ပြခဲ့ပါတယ်။
၂၀၁၂ မှာထုတ်လွှင့်မယ့် The Batman ရုပ်ရှင်ကားကြီးဟာ လင်းနို့လူသားရဲ့ ငယ်ရွယ်နုပျိုတဲ့ ဇာတ်ရုပ်ကို သရုပ်ဖော်လိုတာဖြစ်တဲ့အတွက် အသက် 46 နှစ်ရှိပြီဖြစ်တဲ့ Ben တစ်ယောက် ပါဝင်သရုပ်ဆောင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ကြောင်း ပြောကြားထားပါတယ်။
လက်ရှိမှာတော့ The Batman ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Bruce Wanyne ရဲ့ လူငယ်ဇာတ်ရုပ်နေရာက ပါဝင်သရုပ်ဆောင်ဖို့ ဒါရိုက်တာက Nick Jonas ကိုအလို ရှိနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒီနှစ်ပိုင်းအတွင်း လောလောလတ်လတ် ဘောလိဝုဒ် မင်းသမီး Priyanka Chopra နဲ့ လက်ထပ်ထားပြီး Batman အဖြစ်မကြာခင်မှာ သရုပ်ဆောင်ရတော့မယ်ဆိုရင် ဒီနှစ်က Nick ရဲ့ ကံဇာတာတက်တဲ့ နှစ်တစ်နှစ်လို့ပြောရမှာပါပဲ။
သို့ပေမဲ့ Batman နေရာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Ben ကိုပဲ ပရိတ်သတ်က Batman လို့မြင်လာတော့ Nick လို အကောင်သေးတဲ့ လူတစ်ယောက်ကို Batman မဖြစ်နိုင်ဘူးလို့ ဝေဖန်တာမျိုးတွေရှိလာပါတယ်။
Nick Jonas သာ Batman ဖြစ်ရင် Justin Bieber လဲ Batman ဖြစ်လာနိုင်တယ်ဆိုပြီး နောက်ပြောင်ကြတာမျိုးတွေတောင်ရှိလာပါတယ်။
(ပိုပိုလေး)