1. Home
  2. Special or Others

ဆင်းရဲလွန်းပါတယ်ဆိုမှ ဖရာရီးပြိုင်ကား ၄ စီးကို ဝင်တိုက်မိသူ

Special or Others ก.พ. 04, 2562 view 1,845
တရုပ်နိုင်ငံတွင် မိသားစုငွေကြေး မပြေလည်သောကြောင့် ကျောင်းမှထွက်ကာ အလုပ်ဝင်ရောက်လုပ်ကိုင်နေသည့် လူငယ်တစ်ဦးဟာ နံနက်ဝေလီဝေလင်းတွင် အိပ်ငိုက်ပြီး တန်ဖိုးကြီး ဖရာရီးပြိုင်ကား ၄ စီးအား ကားနဲ့ ဝင်တိုက်ခဲ့မှုကြောင့် စားစရာမရှိသည့်အခြေအနေတွင် အကြီးအကျယ်ပေးလျော်ရတော့မည့် အခြေနေမျိုး စိုက်နေပါတယ်။
 
 
အသက် ၂၀ အရွယ် “လင်ချင်း” ဆိုသူ လူငယ်ဟာ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်စောစောပိုင်းက ညပိုင်းအလုပ်ဆင်းပြီး ကားမောင်းလာရာ အိပ်ငိုက်သွားခဲ့ပြီး လမ်းဘေးတွင် ရပ်နားထားသော ပြိုင်ကားများအား ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။ 
 
 
ဖရာရီး 488s အမျိုးအစား ၃ စီးနှင့် ဖရာရီး F12 တစ်စီးတို့အား ဝင်တိုက်မိခဲ့ပြီး အဆိုပါကားအားလုံးကို ပြန်လည်ပြုပြင်ရမည့် စရိတ်မှာ အမေရိကန်ဒေါ်လာ ၆၇၉,၉၀၀ (ကျပ်ငွေ သိန်းပေါင်း ၁ သောင်း ၂ ရာကျော်) ကုန်ကျမှာ ဖြစ်ပါတယ်။
 
 
အဆိုပါသတင်း အွန်လိုင်းမှာပျံ့နှံ့ခဲ့ပြီး လူငယ်ရဲ့ အဖြစ်ကို သနားပိုကြတဲ့ အွန်းလိုင်သုံးသူတွေက အမေရိကန်ဒေါ်လာ ထောင်နဲ့ချီပြီး ဝိုင်းဝန်းလှူဒါန်းခဲ့ကြပါတယ်။ ထိုင်ပေလူမှုရေးအသင်းမှ အလှူရှင် ၈၃၀ စုစည်းပြီး ဒေါ်လာ ၁၂၆,၈၃၃ ကို ယာဉ်တိုက်မှုဖြစ်ပြီး သိပ်မကြာခင်မှာ လူငယ်ကို စုပေါင်းကူညီခဲ့ကြပါတယ်။
 
 
အလှူရှင်တွေက ပေးလျော်ရမယ့် ငွေကြေးပြည့်မီအောင် အချိန်ယူပြီးလှူဒါန်းနေကြဆဲဖြစ်ပါတယ်၊ ခုချိန်ထိတော့ အလှူငွေဘယ်လောက်ရရှိနေပြီဆိုတာ အတိအကျ မသိရသေးပါဘူး။ 
“လင်ချင်း” ရဲ့ မိခင်ဟာ တရုပ်ဘုံကျောင်းမှာ ဘုရားဝတ်ပြုတဲ့ ရွှေစက္ကူ ငွေစက္ကူတွေရောင်းရင်း အသက် မွေးရတာမို့ သားဖြစ်သူက မိခင်ကို ကူညီတဲ့အနေနဲ့ ကျောင်းထွက်ပြီး အသားကင်ဆိုင် တစ်ဆိုင်မှာ ဝင်ရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ သူရဲ့ ဖခင်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်က ကွယ်လွန်ခဲ့ပြီး သားသမီး ၃ ဦးကို မိခင်တစ်ဦးတည်းက ကြပ်တည်းစွာ ရှာဖွေကျွေးမွေးခဲ့ရတာဖြစ်ပါတယ်။
 
 
အခင်းဖြစ်မယ့်နေ့ နံနက်ပိုင်းက သူဟာ ညဆင်းအလုပ်ကနေ နံနက် ၃ နာရီခန့်မှာ အိမ်ပြန်လာခဲ့ပါတယ်။ အိမ်ရောက်တဲ့အခါ မိခင်ဖြစ်သူ နေမကောင်းဖြစ်နေတာကြောင့် ဘုံကျောင်းက မှာယူထားတဲ့ ပစ္စည်းတွေကို သူ့ရဲ့  မစ်ဆူဘီရှိ ကားပေါ်တင်ပြီး လိုက်အပို့မှာ အိပ်ငိုက်ပြီး လမ်းဘေးမှာ ရပ်နားထားတဲ့ ဖရာရီးကားတွေကို ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။
 
 
နံနက်စောစောမှာ ဖရာရီးကားတွေ တန်းစီပြီး လာရောက်ရပ်နားထားတာဟာ လူငယ်အတွက် ကြမ္မာဆိုးဝင်ဖို့ တမင်များစီစဉ်ထားသလာတောင် ထင်မှတ်ရပါတယ်။ ယာဉ်တိုက်မှုသတင်းပျံ့နှံ့ခဲ့ပြီးနောက် လူအများအပြားက ရဲစခန်းကို ငွေကြေးလှူဒါန်းဖို့ ဖုန်းနဲ့ဆက်သွယ်ခဲ့ကြသလို လူတစ်ယောက်ဆိုရင် သူ့မိခင်ရဲ့ ရွှေစက္ကူဆိုင် ရောက်လာပြီး လက်ထက်ကို တရုပ်ယွမ် ၄၅,၀၀၀ ကျော် လာပေးသွားတယ်လို့ သိရပါတယ်။
 
 
ဘယ်လိုပင် ကံကြမ္မာဆိုးဆိုး အွန်လိုင်းပေါ်က ပရိသတ်တွေရဲ့ ကိုယ်ချင်းစာစိတ်နဲ့ လှူဒါန်းမှုတွေကြောင့် အသက်ရှုပေါက် ချောင်သွားအောင် ကံကြမ္မာက တစ်ဖန်ပြန်ကောင်းသွားတယ်လို့ ဆိုရပါမယ်။
 


Follow us on