1. Home
  2. Movie Stars - Celebrity

ဂရမ်မီဆုပေးပွဲကို Presenter အဖြစ်တက်ရောက်ရမယ့် BTS

Movie Stars - Celebrity ก.พ. 05, 2562 view 1,454

တောင်ကိုးရီးယားနိုင်ငံ လူငယ်အမျိုးသားအဆိုတော်အဖွဲ့ ဖြစ်တဲ့ BTS ဟာ လာမယ့် ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာပြုလုပ်မယ့် ဂရမ်မီဆုပေးပွဲအခမ်းအနားကြီးကို တက်ရောက်ဖို့ ဖိတ်ခေါ်ခြင်းခံခဲ့ရပါတယ်။

BTS ဟာ ဂရမ်မီဆုပေးပွဲကြီးမှာ Presenter အဖြစ်ပါဝင်ရမှာဖြစ်ပြီး ‘Best Recording Package’ Title ဆုကိုရရှိဖို့ Nominee ထဲမှာပါဝင်ထားပါတယ်။ Best Recording Package အနေနဲ့ လျာထားခြင်းခံရတဲ့အယ်လ်ဘမ်ကတော့ သူတို့ရဲ့ တတိယမြောက် အယ်လ်ဘမ်ဖြစ်တဲ့ Love Yourself-Tear ပဲဖြစ်ပါတယ်။

ယခုနှစ် ၂၀၁၉ မှာကျင်းပပြုလုပ်မယ့် ဂရမ်မီဆုပေးပွဲကြီးဟာ ၆၁ ကြိမ်မြောက်ပြုလုပ်တာဖြစ်ပြီး Camila Cabello, Cardi B, H.E.R, Post Malone, Red Hot Chilli Peppers နဲ့ Shawn Mendes အစရှိတဲ့ နာမည်ကြီးဟောလိဝုဒ်အနုပညာရှင်တွေ တင်ဆက်ဖျော်ဖြေကြမှာဖြစ်ပါတယ်။

ဟောလိဝုဒ်ရဲ့ ဂရမ်မီဆုပေးပွဲကြီးကိုအာရှသားအဆိုတော်တွေအနေနဲ့ ဒီလို Presenter အဖြစ်ဖိတ်ခေါ်ခံရတယ်ဆိုတာ ဂုဏ်ယူစရာပါပဲ။ ဒီနှစ်တွေအတွင်းမှာ BTS ရဲ့ အောင်မြင်မှုက အနောက်နိုင်ငံတွေကို လွှမ်းမိုးထားနိုင်တာကြောင့် ဟောလိဝုဒ် အနုပညာရှင်တွေနဲ့ BTS ဟာသိပ်မစိမ်းတော့ပါဘူး။

BTS အနေနဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ဂရမ်မီဆုပေးပွဲကြီးမှာ Presenter အဖြစ်ပါဝင်ရမှာဖြစ်တဲ့အတွက် Army တွေအတွက် ဂုဏ်ယူဝမ်းမြောက်စရာပါပဲ။ ပရိတ်သတ်ကြီးရေ ဂရမ်မီဆုပေးပွဲမှာ ပါဝင်တင်ဆက်ရမယ့် BTS အတွက် ဂုဏ်ယူ ဝမ်းသာမိတယဆိုရင် like&share လေး လုပ်ပေးကြပါဦး။



Follow us on