1. Home
  2. Football

ရီးရဲလ်က မျက်စောင်းထိုးနေတဲ့ လူငယ်ကြယ်ပွင့် ရက်ဖို့စ် ကို နှစ်ရှည် စာချုပ်ချုပ်မည်

Football ก.พ. 05, 2562 view 1,895

နည်းပြဆိုးရှားလက်ထက်မှာ ခြေစွမ်းကောင်းတွေပြသနေတဲ့ ယူနိုက်တတ် လူငယ်ကစားသမားလေ့း် ရက်ဖို့စ် ကို လစာနှစ်ဆ ပေးပြီး နှစ်ရှည်စာချုပ်ဖို့ တရားဝင်ဆွေးနွေးမှုပြုလုပ်သွားမယ်လိုသိရပါတယ်။

လာမည့်နှစ်မှာ စာချုပ်ကုန်ဆုံးတော့မည့် ရက်ဖို့စ်ကို ယူနိုက်တတ်အသင်းက လက်မလွတ်ချင်တာကြောင့် ထပ်မံစာချုပ်ချုပ် ချင်နေတာဖြစ်တာပါ။တစ်ဘက်မှာလည်း စပိန်ကလပ် ရီးရဲလ်မက်ထရစ်အသင်းက စိတ်ဝင်စားတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ရက်ဖို့စ့်ဟာ ယူနိုက်တတ်အသင်းအတွက်နောက်ဆုံး ၁၀ ပွဲမှာ ၆ ဂိုးအထိ သွင်းယူထားနိုင်ပြီး လတ်စတာနဲ့ ပွဲစဉ်မှာလည်း အနိုင် ၃ မှတ်ဖြစ်စေမဲ့ အရေးပါတဲ့ သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

သူကိုထပ်မံစာချုပ်အရတော့ တစ်ပါတ်လုပ်ခ ပေါင် ၁၅၀၀၀၀ နဲ့ အခြားဆုကြေး တွေလည်း ပါဝင်တယ်လို့သိရပါတယ်။ယူနိုက်တတ်အသင်းဟာ မကြာသေးမီကမှ တောင်ပံကစားသမား မာရှယ်ကို တစ်ပါတ်လုပ်ခပေါင် ၂၀၀၀၀၀ နဲ့ ၅ နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

Ref ; telegraph

 

 



Follow us on