1. Home
  2. Movie Stars - Celebrity

Taken ဇာတ်ကားထဲကလို အဖြစ်မျိုး တစ်ကယ်ကြုံခဲ့ရတဲ့ မင်းသားကြီး Liam Neeson

Movie Stars - Celebrity ก.พ. 05, 2562 view 1,517
သမီးဖြစ်သူကို ရောင်းစားဖို့ ဂိုဏ်းအဖွဲ့က ဖမ်းဆီးသွားတဲ့နောက်ကို သဲလွန်စသေးသေးမွှားလေးကနေ လိုက်ရင်း သမီးဖြစ်သူအတွက် ကလဲ့စားချေတဲ့ Taken ဇာတ်ကားတွဲတွေကို မှတ်မိနေဦးမယ်ထင်ပါတယ်။
 
အဲဒီ ဇာတ်ကားတွဲမှာ အဓိကသရုပ်ဆောင်ဖြစ်တဲ့ မင်းသားကြီး Liam Neeson ဟာ သူ့ရဲ့ လက်တွေ့အမှန်တစ်ကယ်ဘဝထဲမှာလည်း အလားတူ အဖြစ်ဆိုးမျိုး ကြုံးဖူးခဲ့သူပါ။ အဲဒီအတွက် သူက  “လူမည်းအမျိုးယုတ်တစ်ကောင်ကို  သတ်ဖို့ ကျုပ် လမ်းတွေမှာ လိုက်ရှာနေခဲ့တယ်” လို့ သူ့ရဲ့ဇာတ်ကားသစ် “Cold Pursuit” ပရိုမိုးရှင်းပွဲမှာ သတင်းထောက်ကို ဖြေကြားခဲ့တဲ့အတွက် လူမျိုးရေးခွဲခြားသူအဖြစ် တံဆိပ်ကပ်ခံခဲ့ရပြီး အော်စကာဆုရွေးချယ်ပွဲမှာပါ စာရင်းမထည့်သင့်ကြောင်း ဝိုင်းဝန်း ဝေဖန်ခံနေရပါတယ်။
 
 
အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီးဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူနိုင်ငံခြားမှာ ရုပ်ရှင်သွားရိုက်နေစဉ် သူအရမ်းချစ်ခင်ပြီး ဆွေမျိုးမိတ်ဆွေ တစ်ခုခု ပက်သက် တော်စပ်မည်ဟု ခန့်မှန်းရတဲ့ အမျိုးသမီးတစ်ဦး (မင်းသားကြီးကိုယ်တိုင် အမည်ဖော်၍ ပြောကြားခြင်းမရှိပါ) အဓ္ဓမပြုကျင့်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
 
အမျိုးသမီးကို သူမေးတဲ့အခါ မုဒိန်းကျင့်သွားတဲ့လူကို မသိဘူးလို့ ဖြေခဲ့တာကြောင့် “ဒါဆို အသားအရောင်ကရော” လို့ မေးတဲ့အခါ လူမည်းတစ်ဦးဖြစ်ကြောင်း အမျိုးသမီးက ပြန်ဖြေခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး မင်းသားကြီးဟာ Taken ဇာတ်ကားထဲကလို လက်စားချေဖို့ နီးစပ်ရာ အသိုင်းအဝိုင်းတွေကတစ်ဆင့် လမ်းမတွေပေါ်မှာ ဖြစ်နိုင်ချေရှိတဲ့ လူမည်းတွေကို တစ်ပတ်လောက်ခြေရာခံ စုံစမ်းခဲ့တယ်လို့ ဆိုပါတယ်။ 
 
“ဒီလိုလုပ်ခဲ့တယ်ဆိုတာ ပြန်ပြောရမှာ ရှက်ပါတယ် ဒါပေမယ့် အဲဒီအချိန်က အရက်ဆိုင် တစ်ဆိုင်ဆိုင်ကနေ မျိုးမစစ်လူမည်းကောင်တစ်ကောင် ထွက်လာပြီး ကျွန်တော်ကို အကြောင်းခုခုနဲ့လာနွယ်ပါစေလို့ ကျွန်တော်မျှော်နေခဲ့မိတယ်။ သိတယ်မဟုတ်လား ဒါမှကျွန်တော် ဒီကောင်ကို သတ်လို့ရမှာ” လို့ လူမည်းဆိုရင် ဘယ်သူဖြစ်ဖြစ် သူအင်မတန်ချစ်ရသူအတွက် လက်စားချေလိုစိတ် ပြင်းပျခဲ့ကြောင်း ပြောပြခဲ့တာဖြစ်ပါတယ်။
 
အဲဒီအတွက် မင်းသားကြီးကို လူမျိုးရေးခွဲခြားသူအဖြစ် လူမှုကွန်ယက်တွေပေါ်ကနေ ဝိုင်းဝန်းပစ်တင်ဝေဖန် ရှုံ့ချနေကြတာလည်းဖြစ်ပါတယ်။
 
“ကျွန်တော် အဲဒီလို လမ်းပေါ်မှာ လိုက်ရှာနေတာ တစ်ပတ်လောက်ကြာမယ်ထင်တယ်၊ နင်ဘယ်တွေလျှောက်သွားနေတာလဲလို့ သူမက မေးတော့ ငါဟိုနားဒီနားလမ်းလျှောက်တာပါ ဘာမှမဖြစ်ပါဘူးလို့ပဲ ပြန်ဖြေခဲ့တယ်” လို့ ဆက်ပြောပါတယ်။
 
“အဲဒီတုန်းကအကြောင်းတွေကို ပြန်စဉ်းစားရင် ငါတော်တော်ကြီး စိတ်ဓာတ်ဆိုးရွားခဲ့တာပဲ ဆိုတာ သိတယ်၊ ဒါပေမယ့် ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူး” လို့ ပြောလိုက်တဲ့အခါ အင်တာဗျူးနေတဲ့ လူပါ လန့်ဖြန့်သွားခဲ့ပါတယ်။
 
မကြာခင်ထွက်ရှိလာတော့မယ့် သူ့ရဲ့ဇာတ်ကားသစ် “Cold Pursuit” မှာ ဖခင်တစ်ယောက်နေရာကပဲ သရုပ်ဆောင်ထားပြီး မူးယစ်ကျော်ဇော်မှုနဲ့ သားဖြစ်သူ အသတ်ခံခဲ့ရတာကို ပြန်လည်လက်စားချေတဲ့ ဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ဇာတ်လမ်း ဖြစ်ပါတယ်။
 
 
ယခုလို မင်းသားကြီးကို ဝိုင်းဝန်းဝေဖန်နေကြတာနဲ့ ပက်သက်ပြီး “Cold Pursuit” ရုပ်ရှင်ဒါရိုက်တာနဲ့ ရုပ်ရှင်ကုမ္ပဏီတွေဖြစ်တဲ့ StudioCanal နဲ့ Summit Entertainment တို့က တုံ့ပြန်ပြောဆိုထားခြင်းမရှိကြောင်း သိရှိရပါတယ်။
 
(ပိုပိုလေး)
 


Follow us on