1. Home
  2. Special or Others

၎ လသမီးလေးကို ဇောက်ထိုးဆွဲမြောက်ပြပြီး ခရီးစရိတ်ရှာခဲ့တဲ့ လင်မယား ဖမ်းခံရ (ရုပ်သံ)

Special or Others ก.พ. 05, 2562 view 1,782
ခရီးစရိတ်ပြတ်လပ်သွားသဖြင့် ၄ လ သားအရွယ် ကလေးငယ်ကို ခြေထောက်မှ ဇောက်ထိုးတန်းလန်းဆွဲကာ လေထဲမှာ ကိုင်မြောက်ပြပြီး ငွေကြေးအလှုခံနေတဲ့ ရုရှားဇနီးမောင်နှံ နှစ်ဦးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မလေးရဲတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
 
သူတို့လင်မယားဟာ ကမ္ဘာလှည့်ခရီးသွားတွေဖြစ်ပြီး မလေးရှားနိုင်ငံရောက်စဉ် ငွေကြေးပြတ်လပ်သွားတာကြောင့် သူတို့ရဲ့ ၄ လအရွယ် သမီးငယ်လေးကို အသုံးချပြီး အလှုခံခဲ့တာဖြစ်ပါတယ်။ 
 
 
ရုပ်သံပါ ပုံရိပ်များအရ တီရှပ်အဖြူ ဘောင်းဘီတိုအပြာရောင် ဝတ်ဆင်ထားတဲ့အမျိုးသားက ကလေးရဲ ခြေနှစ်ချောင်းကနေ ဇောက်ထိုးဆွဲပြီး ဖျော်ဖြေနေတာဖြစ်ပါတယ်။ အနီးနားမှာတော့ ဇနီးသည်လို့ ထင်ရတဲ့ အမျိုးသမီး မြေကြီးပေါ်ထိုင်နေတာကို တွေ့ရပါတယ်။
သူတို့ကို ဝိုင်းကြည့်နေစဉ် လူအုပ်ထဲမှ တစ်ဦးက “တော်တော် အသုံးမကျတဲ့ကောင် ကလေးကို ဒီလိုမလုပ်သင့်ဘူး” လို့ လှမ်းအော်ပြောတာကို ရုပ်သံမှာ ကြားလိုက်ရပါတယ်။
 
 
ဒီရုရှားစုံတွဲဟာ ပြီးခဲ့တဲ့ သောကြာနေ့ကမှ ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံထဲကို ဝင်ရောက်လာတာဖြစ်ကြောင်း ကွာလာလမ်ပူရဲချုပ် “မာဇလမ်လာဇင်းမ်” က ပြောဆိုခဲ့ပါတယ်။


Follow us on