1. Home
  2. Movie Stars - Celebrity

ဒုတိယမြောက်ရင်သွေးလေးကို နေကောင်းကျန်းမာစွာဖွားမြင်ပြီးပြီဖြစ်တဲ့လီဘိုယောင်း

Movie Stars - Celebrity ก.พ. 05, 2562 view 1,657

နာမည်ကြီးကိုးရီးယားဇာတ်လမ်းတွဲတွေမှာ ခေါင်းဆောင်မင်းသမီး အနေနဲ့ ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ မင်းသမီးလီဘိုယောင်းဟာဆိုရင် လက်ရှိခင်ပွန်းသည် ဖြစ်တဲ့ မင်းသားဂျီဆောင်း နဲ့ ၂၀၁၃ ခုနှစ်မှာ လက်ထပ်ထိမ်းမြားခဲ့ပါတယ်။

ဂျီဆောင်းနဲ့ လီဘိုယောင်းတို့ဟာ (၆)နှစ်တိုင်တိုင် သမီးရည်းစားအဖြစ်လက်တွဲခဲ့ပြီးမှ လက်ထပ်ထိမ်းမြားခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်က Save the last dance for me (ဤမှန်သောသစ္စာစကားကြောင့်) ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ပြီး ချစ်ကြိုးသွယ်ခဲ့ကြတာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ ပထမသမီးဦးလေး ဂျီယူး ကိုမွေးဖွားခဲ့ပြီး ယခု ၂၀၁၉ ၊ ဖေဖော်ဝါရီ ၅ ရက် နေ့မှာ ဒုတိယ ရင်သွေးလေးဖွားမြင်ခဲ့ပါတယ်။ ဒီတစ်ခါမွေးဖွားခဲ့တဲ့ ကလေးလေးကတော့ သားလေးဖြစ်ကြောင်း ဂျီဆောင်းက သူ့ရဲ့ Instagram စာမျက်နှာကနေတစ်ဆင့် ရေးသားဖော်ပြခဲ့ပါတယ်။

ကလေးရဲ့ နာမည်ကို Bo Ah လို့နာမည်ပြောင်ပေးထားပြီး ‘Kwak Bo Ah လေးမွေးဖွားလာပါပြီ၊ ကျန်းမာပျော်ရွှင်ပြီး အတူနေသွားကြရအောင်၊ ချစ်တယ်’ ဆိုပြီးရေးသား တင်ခဲ့ပါတယ်။

လီဘိုယောင်းနဲ့ ဂျီဆောင်း နှစ်ဦးစလုံးရဲ့ အေဂျင်စီတွေကနေ ကလေးရော မိခင်ပါ ကျန်းကျန်းမာမာရှိကြောင်း သတင်းမီဒီယာတွေကို အသိပေးခဲ့ပါတယ်။



Follow us on