1. Home
  2. Special or Others

ကာယကံရှင်ကိုယ်တိုင် ရင်ဖွင့်တဲ့ တရုပ်မယား တစ်ယောက်ရဲ့ဘဝ (ရုပ်သံ)

Special or Others ก.พ. 05, 2562 view 1,753
အခြေအနေ အကြောင်းကြောင်းကြောင့် တရုပ်ပြည်မှာ တရုပ်လူမျိုးတွေရဲ့ ဇနီးမယားတွေ ဖြစ်နေကြတဲ့ မြန်မာအမျိုးသမီးတွေကို အခါအခွင့်သင့်တာနဲ့ ကိုယ့်နိုင်ငံကို ပြန်ပြေးကြဖို့ ဘဝတူ မြန်မာအမျိုးသမီး တစ်ဦးက ပြောဆိုတိုက်တွန်းလိုက်တဲ့ ရုပ်သံ လူမှုကွန်ယက် အွန်လိုင်းပေါ် မှာ ပျံ့နှံ့နေပါတယ်။
 
သူမရဲ့ ပြောပြချက်အရ တရုပ်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာအမျိုးသမီး ၈၀% လောက်က တရုပ်ဇနီးမယားတွေ ဖြစ်နေကြတယ်လို့ဆိုပါတယ်။ တရုပ်လူမျိုးတွေဟာ မြန်မာအမျိုးသမီးတွေကို ဈေးသက်သက်သာသာနဲ့ လက်ထပ်နိုင်တာကြောင့် ရုပ်ရည်ရူပကာ မချောမောရင်တောင် ကလေးမွေးပေးနိုင်တဲ့ အချက်တစ်လျက်ထဲနဲ့ ဇနီးမယားအဖြစ် ပေါင်းသင်းနေကြတယ်လို့ဆိုပါတယ်။
 
သူမကိုယ်တိုင် လက်ရှိမှာ တရုပ်ဇနီးမယား အဖြစ် တရုပ်နိုင်ငံမှာ နေထိုင်နေပြီး ထွက်ပြေးခဲ့ဖူးတယ်လို့ဆိုပါတယ်။ မြန်မာအမျိုးသမီးတွေအနေနဲ့ လက်ရှိ တရုပ်ဇနီးမယားဘဝမှာ သာယာမနေပဲ တစ်ချိန်မှာ မြန်မာနိုင်ငံကိုအရောက်ပြန်ဖို့ ဘာကြောင့် တိုက်တွန်းရတယ်ဆိုတာကို ရုပ်သံမှာ ကိုယ်တိုင်ကြည့်ရှုပါဦး..။
 


Follow us on