1. Home
  2. Movie Stars - Celebrity

လက်ရှိချစ်သူနဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့ ဂျနီဖာလောရင့်စ်

Movie Stars - Celebrity ก.พ. 06, 2562 view 1,524

‘The Hunger Game’ ‘Passengers’  အစရှိတဲ့ နာမည်ကြီးရုပ်ရှင်ကားတွေရဲ့ အဓိက ဇာတ်ဆောင်မင်းသမီး ဂျနီဖာလောရင့်စ်ကတော့ သူမရဲ့ချစ်သူနဲ့ စေ့စပ်ကြောင်းလမ်းလိုက်ပါပြီ။

အသက် (၂၈) နှစ်ရှိပြီဖြစ်တဲ့ ဂျနီဖာဟာ သူမရဲ့ချစ်သူ Cooke Maroney နဲ့ ဒိတ်လုပ်နေခဲ့တာပါ။ Cooke Maroney ဟာ နယူးယောက်မြို့ရဲ့ အထင်ကရပန်းချီဆရာ တစ်ဦးဖြစ်ပါတယ်။ ဂျနီဖာနဲ့ ဒိတ်လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကိုယ်စီနဲ့ ချစ်ကြိုးသွယ်ခဲ့ပြီး လက်ရှိမှာတော့ လူသိရှင်ကြား စေ့စပ်ကြောင်းလမ်းလိုက်ပါပြီ။

စေ့စပ်ကြောင်းလမ်းအပြီး လောရင့်စ်က လက်ထပ်ထိမ်းမြားခြင်းနဲ့ ပတ်သတ်လို့ဒီလိုပြောခဲ့ပါတယ်။ ‘ဒီတစ်ခါတော့ ကျွန်မသတို့သမီးအရံလုပ်စရာမလိုတော့ပါဘူး၊ သူငယ်ချင်းတွေအရမ်းများတော့ Bridemaids Reunion အတွက် ဘယ်သူ့ကိုခေါ်ရမလဲ? ’ လို့ အင်တာဗျူးတစ်ခုမှာဖြေကြားထားပါတယ်။

ဂျနီဖာဟာ သူမရဲ့ပင်ကိုယ်စရိုက်အရ ဒိတ်လုပ်ရတာ၊ ရည်းစားထားရတာမျိုးကို လုံးဝကြိုက်နှစ်သက်သူတစ်ယောက်မဟုတ်ဘူး လို့ Vouge ရဲ့ အင်တာဗျူးတစ်ခုမှာဖြေခဲ့ဖူးပါတယ်။ အိမ်ထောင်တစ်ခု တည်ထောင်ဖို့၊ အိမ်ထောင်ပြုဖို့ကို စိတ်မဝင်စားပေမဲ့ Single Mother တစ်ယောက်တော့ ဖြစ်ချင်မိတယ်လို့ သူမကိုယ်တိုင်ပြောဖူးပါတယ်။

 

လက်ရှိမှာတော့ ဂျနီဖာတစ်ယောက်အချစ်စစ်ကိုရှာတွေ့ပြီး စိတ်ပြောင်းသွားပြီ နဲ့တူပါတယ်။ လက်ရှိချစ်သူ Cooke နဲ့ စေ့စပ်ကြောင်းလမ်းပြီး လက်ထပ်ဖို့အထိပါ ရည်ရွယ်ထားတယ်လို့ သူမက ပရိတ်သတ်ကိုအသိပေးခဲ့ပါတယ်။



Follow us on