1. Home
  2. Movie Stars - Celebrity

(၆၁) ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကြီးတက်ရောက်ဖြစ်မှာမဟုတ်ဘူးလို့ ပြောလိုက်တဲ့ Ariana Grande

Movie Stars - Celebrity ก.พ. 06, 2562 view 1,488

အမေရိက ပေါ့ပ်စတား Ariana Grande ဟာ သူမရဲ့ လတ်တလောထွက်ရှိထားတဲ့ ‘7 Rings’ သီချင်း နဲ့ (၆၁) ကြိမ်မြောက် ဆုပေးပွဲကြီးမှာ တက်ရောက်ဖျော်ဖြေဖို့ ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။

သို့ပေမဲ့ Grammys ဆုပေးပွဲ Producers တွေက Ariana ကို လာရောက်ဖျော်ဖြေဖို့ ပယ်ထုတ်ငြင်းဆိုလိုက်ပါတယ်။ Ariana ကိုယ်တိုင်ကလဲ တက်ရောက်ဖြစ်မှာမဟုတ်ကြောင်း သူမရဲ့ တွစ်တာစာမျက်နှာကနေ အသိပေးကြေငြာခဲ့ပါတယ်။

Ariana ဟာ 61st Grammys ဆုပေးပွဲကြီးမှာ Best Pop Vocal Performance ဆုကြီးကို God is a Woman သီချင်းနဲ့ လျာထားခြင်းခံထားရပါတယ်။ ဒါပေမဲ့ လက်ရှိမှာ Grammys ကသူမကို တက်ရောက်ခွင့် ပိတ်ပင်လိုက်တဲ့အတွက် ဆုရရှိဖို့ကလဲ မသေချာသလောက်ဖြစ်သွားပါပြီ။

Ariana ကလဲ သူမရဲ့ တွစ်တာစာမျက်နှာမှ တစ်ဆင့် Grammys မှာဖျော်ဖြေမယ့် သတင်းကမှားနေကြောင်း ဖော်ပြထားပါတယ်။ သူမအနေနဲ့ လက်ရှိမှာ Sweetender World Tour ကိုပဲအာရုံစိုက်နေကြောင်းကိုလဲ တွစ်တာစာမျက်နှာမှတစ်ဆင့် ပြောကြားထားပါတယ်။

 



Follow us on