1. Home
  2. Special or Others

မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ကမ္ဘောဒီးယား ဆယ်လီစုံတွဲ

Special or Others ก.พ. 06, 2562 view 2,070

တလောတုန်းက ဖေ့ဘွတ်စ်မှာ နာမည်ကြီးသွားတဲ့ ကမ္ဘောဒီးယားမှ ဆယ်လီစုံတွဲကို ပရိတ်သတ်ကြီးမှတ်မိတယ်မဟုတ်လား။ ထိုအတွဲမှာ ကောင်လေးက ရုပ်ဆိုးပြီးအသားမဲကာ ကောင်မလေးက အသားဖြူပြီးရုပ်ချောတာကြောင့် လူတွေကသတိထားမိလာတာပါ။

မူလပထမက သူတို့စုံတွဲကို ဖိုတိုရှော့ပညာနဲ့ လိမ်ညာထားတယ်လို့ထင်နေကြတာပါ။ နောက်ပိုင်းမှာ သူတို့နှစ်ယောက် အမှန်အကန် တကယ့်လက်တွေ့ဘဝမှာ ချစ်သူတွေဖြစ်ကြောင်း သိရှိခဲ့တဲ့အခါမှာတော့ လူတိုင်းအံ့အားသင့်ခဲ့ရပါတယ်။

အချစ်မှာရုပ်လှတာ၊ ရုပ်ချောတာတွေက သက်ရောက်မှုမရှိကြောင်း စိတ်ကသာ အဓိကဖြစ်ကြောင်း သူတို့နှစ်ယောက်က သက်သေပြခဲ့တာပါ။

တစ်ယောက်ကို နားလည်မှုနဲ့ တည်ဆောက်လာကြတာ လက်ရှိမှာတော့သူတို့ နှစ်ဦးဟာ ပျော်ရွှင်သာယာတဲ့မိသားစုဘဝလေးကို အတူတကွ ထူထောင်ပြီးပြီပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ သူတို့ချစ်သူနှစ်ယောက်ဟာ မြန်မာနိုင်ငံ၊ မန္တလေးမြို့ကို အလည်အပတ်အနေနဲ့ ရောက်ရှိနေတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူတစ်ချို့က သူတို့စုံတွဲကိုတွေ့တော့ အမှတ်တရဓာတ်ပုံတွေအတူတကွ ရိုက်ကူးထားကြတာတွေ့ရပါတယ်။

(ပိုပိုလေး)

 



Follow us on