1. Home
  2. Special or Others

စစ်လေ့ကျင့်ရေး လေယာဉ်ငယ် မြို့လည်လမ်းမ ကားများပေါ် ပျက်ကျ (ရုပ်သံ)

Special or Others ก.พ. 07, 2562 view 1,620
လေ့ကျင့်ရေးလေယာဉ်ငယ်တစ်စင်းဟာ ပျံသန်းနေစဉ် မြို့လည်ကောင် လမ်းမပေါ်သို့ ပျက်ကျခဲ့ပြီး ဓာတ်ကြိုးတန်းများမှ တစ်ဆင့် ကားများပေါ် ပြုတ်ကျခဲ့ပါတယ်။ ဖြစ်စဉ် အစဆုံး စီစီတီဗီရုပ်သံမှ မှတ်တမ်းရခဲ့ပြီး လမ်းသွားလမ်းလာများ တုန်လှုပ်ခြောက်ခြားခဲ့ရတာကို တွေ့မြင်ခဲ့ရပါတယ်။
 
 
ပြီးခဲ့တဲ့ တနင်္လာနေ့က ပီရူးနိုင်ငံမှာ ဖြစ်ပွားခဲ့ပြီး လိမ္မော်ရောင်လေယာဉ်ငယ်ဟာ ရုတ်တရက် ကောင်းကင်ကနေ စွန်ပျက်ကျသလို ဓာတ်ကြိုးတန်းများပေါ်ပျက်ကျခဲ့ပြီး အဲဒီကနေတစ်ဆင့် ကားများပေါ် ပြုတ်ကျခဲ့တာဖြစ်ပါတယ်။
 
 
ပျက်ကျလေယာဉ်ထဲမှာ လေယာဉ်မောင်းသူ ထိုင်လျှက်ပဲရှိနေတာကို တွေ့ခဲ့ရပြီး လူအချို့က ကူညီဖို့ ပြေးသွားခဲ့ကြပါတယ်။ အဆိုပါလေယာဉ်ဟာ စစ်တပ်မှ လေ့ကျင့်ပျံသန်းရေး လေယာဉ်ငယ်ဖြစ်ပြီး ဖြစ်ပွားရာနေရာနဲ့ သုံးလေးဘလောက်သာ ကွာဝေးတဲ့ စစ်အခြေစိုက်စခန်းမှ လေ့ကျင့်ပျံသန်းစဉ်လာစဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။ 
လေယာဉ်ပျက်ကျမှုကြောင့် လူနှစ်ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရသည်မှအပ အသေအပျောက်မရှိခဲ့ကြောင်း သိရှိရသည်။ 


Follow us on