1. Home
  2. Movie Stars - Celebrity

မိတ်ကပ်မပါပဲ အပြင်ထွက်ရင်ဘယ်သူမှ မှတ်မိမှာမဟုတ်တဲ့ ဆယ်လီများ

Movie Stars - Celebrity ก.พ. 07, 2562 view 1,695

ဟောလိဝုဒ် အဆိုတော်၊ မင်းသမီးတွေဟာ ဆိုရင်သူတို့ရဲ့ ပြီးပြည့်စုံတဲ့ အလှအပ၊ ထူးခြားဆန်းပြားတဲ့ ဖက်ရှင်တွေကြောင့် ကမ္ဘာတစ်ဝှမ်းလုံးက ပရိတ်သတ်တွေက လျှမ်းလျှမ်းတောက် အားပေးနေကြတာမဆန်းပါဘူး။ သို့ပေမဲ့ နာမည်ကြီးနေတဲ့ ဆယ်လီတွေရဲ့ မိတ်ကပ်မပါတဲ့ မျက်နှာတွေက သာမန်လူတွေနဲ့ ထူးမခြားနားပါပဲ။ သူမတို့ရဲ့ မိတ်ကပ်လိမ်းချယ်ထားတဲ့ မျက်နှာနဲ့ ချယ်သထားခြင်းမရှိတဲ့ မျက်နှာတို့ကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါမှာတော့ ပရိတ်သတ်တွေအကုန် အံ့အားသင့်ခဲ့ကြပါတယ်။ ဒီ ဆယ်လီတွေကို အပြင်မှာ မိတ်ကပ်မပါတဲ့ပုံနဲ့တွေ့ရင်ဘယ်လိုမှ မှတ်မိနိုင်မှာမဟုတ်ဘူးလို့ ပြောဆိုလာပါတယ်။

Adele

ပေါ့ပ်အဆွေးသီချင်းလေးတွေကို သီဆိုတတ်တဲ့ Adele ဟာဆိုရင် ခန္ဓာကိုယ်အားဖြင့် ဝတယ်ဆိုပေမယ့် သူမရဲ့မျက်နှာကကြည်လင်ရှင်းသန့်ပြီး ခန့်ညားတဲ့ပုံပေါ်ပါတယ်။ သို့ပေမဲ့ ဒီခန့်ညားမှုတွေက သူမမျက်နှာ မိတ်ကပ်တွေမရှိတော့တဲ့အခါ အလိုလိုပျောက်ကွယ်သွားခဲ့ပါတယ်။

Alicia Key

Women Power ကိုရည်ညွှန်းတဲ့ Strong ဖြစ်တဲ့သီချင်းတွေကိုပဲဆိုလေ့ရှိတဲ့ Alicia Key ဟာလဲ မိတ်ကပ်ဖျက်လိုက်တဲ့ တခြားသူတစ်ယောက်အဖြစ်ပြောင်းလဲသွားပါတယ်။

Anne Hathaway

ဟောလိဝုဒ် သရုပ်ဆောင်တွေထဲမှာ အချောဆုံးစာရင်းဝင်လို့ ပြောစမှတ်တွင်တဲ့ မင်းသမီး Anne Hathaway ဟာလဲ မျက်နှာမှာ မိတ်ကပ်မပါရင် သာမန်လူတစ်ယောက်အလားထင်မှတ်စေပါတယ်။

Cara Delevinge

Victoria Secret Model တစ်ဦးလဲဖြစ်၊ အဆိုတော်၊ သရုပ်ဆောင်အစရှိတဲ့ ဘက်စုံထူးချွန်နေတဲ့ Cara Delevinge ကို သူမရဲ့ချောမောလှပတဲ့ရုပ်ရည်ကြောင့် လူချစ်လူခင်များကြပါတယ်။ သို့ပေမဲ့ သူမရဲ့ မိတ်ကပ်မပါတဲ့ ပုံကလဲ သူမကို Cara မှန်းမမှတ်မိစေပါဘူး။

Cardi B

လက်တလော နာမည်ရနေတဲ့အမျိုးသမီးရက်ပ်ပါ Cardi B ဟာဆိုရင်  အထာကျတဲ့စတိုင်၊ ဟန်ပန်အနေအထားတို့ကြောင့် လူသိများလာသူပါ။ သို့ပေမဲ့ သူမ မိတ်ကပ်မပါတဲ့ မျက်နှာကိုမြင်တဲ့အခါမှာ ပရိတ်သတ်တွေက သူမလို့တောင်မထင်ကြပါဘူး။

Katy Perry

Vocal Power အားကောင်းတဲ့ပေါ့ပ်အဆိုတော့ Katy Perry ဟာ ချောမောလှပတဲ့ ရုပ်ရည်တစ်ခု ပိုင်ဆိုင်ထားပါတယ်။ သို့ပေမဲ့ သူမမိတ်ကပ်မပါတဲ့မျက်နှာ ကို ပရိတ်သတ်တွေမြင်ပြီး သူမဆိုတာ ဘယ်လိုမှမယုံနိုင်အောင်ဖြစ်ခဲ့ကြပါတယ်။

Jennifer Lopez

အသက်ကြီးသော်လည်း မပျက်စီးသေးဘူးဆိုတဲ့ Jennifer Lopez ဟာ သူမရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ အသားအရေထိန်းသိမ်းပုံတို့ကတော့ အံ့မခန်းပါပဲ။ ဒါပေမဲ့ မိတ်ကပ်မပါတဲ့သူမ မျက်နှာကိုမြင်တော့ လူတွေအကုန်အံ့အားသင့်ခဲ့ရပါတယ်။

Lady Gaga

တစ်ကမ္ဘာလုံးမှာ ဆန်းသစ်တီထွင်နိုင်ဆုံးပေါ့ပ်စတားလို့ ပြောစမှတ်တွင်တဲ့ Lady Gaga ဟာဆိုရင် သူမရဲ့ အလှအပကို တိမ်းညွှတ်ကြတဲ့ဖန်တွေမနည်းပါဘူး။ ဒါပေမဲ့ သူမရဲ့ မိတ်ကပ်မပါတဲ့ မျက်နှာကိုမြင်ပြီး သာမန်လူတွေနဲ့ ထူးမခြားနားဆိုတာသိခဲ့ရပါတယ်။

Nicki Minaj

ယောင်္ကျားသားတွေနဲ့အတူ ရင်ဘောင်တန်းနိုင်တဲ့ အမျိုးသမီးရက်ပ်ပါ Nicki Minaj ရဲ့ အလှတရားကို ပရိတ်သတ်တွေကြိုက်နှစ်သက်ခဲ့ကြပါတယ်။ သို့ပေမဲ့ Nicki မိတ်ကပ်မပါတဲ့ပုံကို မြင်ပြီးသူမလဲ သာမန်လူတွေထဲက လူတစ်ယောက်ပဲဆိုတာသိခဲ့ရပါတယ်။

 



Follow us on