1. Home
  2. Health Fix

ခေါင်းအုံးအောက်မှာကြက်သွန်ဖြူ ထားအိပ်ခြင်းရဲ့ အကျိုးကျေးဇူးများ

Health Fix ก.พ. 07, 2562 view 2,039

အနံ့ဆိုးလှတဲ့ ကြက်သွန်ဖြူကို ခေါင်းအုံးအောက်မှာဘယ်သူမှထားပြီး မအိပ်ချင်ကြပါဘူး။ ဒါပေမဲ့ ကြက်သွန်ဖြူကို ညအိပ်တိုင်း ခေါင်းအုံးအောက်ထားအိပ်ရင် မတူညီတဲ့အကျိုးကျေးဇူးများစွာရရှိနိုင်ပါတယ်။

၁။ အသက်ရှူလမ်းကြောင်းမှန်စေတယ်

ကြက်သွန်ဖြူကထွက်တဲ့အနံ့ကိုရှူခြင်းအားဖြင့် နှာခေါင်းပိတ်ခြင်း၊ နှာစေးခြင်းတို့ကိုကာကွယ်တားဆီးပေးမှာဖြစ်ပါတယ်။ ညအိပ်ခါနီး နှာခေါင်းမှာပိတ်နေတာတို့ ယားနေတာတို့ဆို အသက်ရှူလမ်းကြောင်းမမှန်တော့ပဲ အိပ်မပျော်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းမှန်အောင်ကြက်သွန်ဖြူကို ခေါင်းအုံးအောက်ထားအိပ်လို့ရပါတယ်။

၂။ အရင်ကထက်ပိုပြီး ဖျားနာခြင်းကင်းဝေးလာမယ်

ကြက်သွန်ဖြူဟာ အအေးမိဖျား၊ တုပ်ကွေးအစရှိတဲ့ ဖျားနာစေတဲ့ရောဂါပိုးတွေကို ခန္ဓာကိုယ်ထဲမဝင်အောင်ကာကွယ်တားဆီးပေးပါတယ်။

၃။ နှစ်နှစ်ခြိုက်ခြိုက်အိပ်တတ်လာမယ်

သင်ဟာ ညည အိပ်မပျော်တတ်တဲ့ ဝေဒနာကိုခံစားနေရတယ်ဆိုရင်တော့ မပူပါနဲ့။ ကြက်သွန်ဖြူကိုခေါင်းအုံးအောက်ထားအိပ်ခြင်းဖြင့် သင့်ရဲ့ဝေဒနာကိုကုသလို့ရပါတယ်။ ကြက်သွန်ဖြူကထွက်တဲ့ စူးရှရှအနံ့ တစ်မျိုးက သင့်အာရုံကြောတွေကို တည်ငြိမ်အောင် ထိန်းချုပ်ပေးနိုင်မှာဖြစ်ပြီး လွယ်ကူစွာအိပ်ပျော်နိုင်ပါလိမ့်မယ်။

၄။ အင်းဆက်ပိုးမွှားရန်မှ ကာကွယ်တားဆီးပေးတယ်

သင်သာ ကြက်သွန်ဖြူကို ခေါင်းအုံးအောက်မှာထားအိပ်ရင် ကြောက်စရာကောင်းတဲ့ ပင့်ကူ၊ ပိုးဟပ် အစရှိတဲ့အကောင်တွေကသင့်အနားကို လာရဲတော့မှာမဟုတ်ပါဘူး။ ဒါ့အပြင် ခြင်၊ယင် တွေပါမလာနိုင်တာကြောင့် ခြင်ဆေးအစား ကြက်သွန်ဖြူကိုအစားထိုး အသုံးပြုနိုင်ပါတယ်။

(ပိုပိုလေး)



Follow us on