အမေရိကန် ပေါ့ပ်စတား Rihanna ဟာဆိုရင် သီချင်းအသစ်တွေဆက်လက်သီဆိုခြင်းမရှိသေးပဲ သူမကိုယ်ပိုင် အလှကုန်ပစ္စည်း Fenty Beauty အတွက် Products ကိုများကိုသာဆက်လက်ထုတ်လုပ်လျက်ရှိပါတယ်။
အသက် (၃၀) ပြည့်သွားပြီဖြစ်တဲ့ Rihanna ဟာ Fenty Beauty ရဲ့ Founder တစ်ဦးဖြစ်ပြီး မိန်းကလေးအများစုရဲ့ လေးစားအားကျရသူတစ်ယောက်လဲဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်က ယောင်္ကျားသားတွေအကူအညီမပါပဲ ရပ်တည်နိုင်တယ်ဆိုတာ ပြသပြီး Feminist တွေဘက်က အမြဲရှိနေသူတစ်ဦးပါ။
Riri တစ်ယောက် Pink Color ကြိုက်တတ်တယ်ဆိုတာ အထင်အရှားပါပဲ။ သူမဟာ အပြင်သွားရင် Pink ကိုအမြဲဝတ်စားလေ့ရှိပါတယ်။ လတ်တလော သူမ instagram မှာ Riri တစ်ယောက် သူမရဲ့ Sexy ကျကျ လှပပြီး ဆွဲဆောင်မှုရှိတဲ့ ဗိုက်ကြွက်သားတွေကို ထုတ်ဖော်ပြသလိုက်ပါတယ်။
ပရိတ်သတ်ကြီးရေ Riri ရဲ့ ဗိုက်ကြွက်သားတွေက ဆွဲဆောင်မှုရှိလား၊ မရှိဘူးလားဆိုတာ ဆုံးဖြတ်ပေးလိုက်ကြပါဦး။