1. Home
  2. Movie Stars - Celebrity

ဒေါင်း၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူ ရုပ်ရှင်ကားကြီးမှာပါဝင်သရုပ်ဆောင်မယ့် အကယ်ဒမီဒေါ်ချိုပြုံးရဲ့ မြေး

Movie Stars - Celebrity ก.พ. 08, 2562 view 1,764

စာရေးဆရာမဂျူး ထွက်ရှိထားသော နာမည်ကြီးဝတ္ထုတွေထဲက တစ်အုပ်ဖြစ်တဲ့ ‘လရောင်ရဲ့အောက်ဘက် မိုင်အဝေးမှာ’ ကိုရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းတော့မှာ ဖြစ်တဲ့အကြောင်း လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးက သူ၏ ဖေ့ဘွတ်ခ်အကောင့်မှတစ်ဆင့် ပရိတ်သတ်ကို အသိပေးကြေငြာခဲ့ပါတယ်။

ထူးပိုင်ဇော်ဦးဟာ နာမည်ကြီး ‘ည’ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ တစ်ဦးဖြစ်ပြီး ယခုလက်ရှိမှာ ဆရာမဂျူးရဲ့ နာမည်ကြီးဝတ္ထုကိုပြန်လည်ရိုက်ကူး တော့မှာဖြစ်တဲ့အတွက် ပရိတ်သတ်အများစုက မျှော်လင့်စောင့်စား ခြင်းကို ခံနေရပါတယ်။

လရောင်ရဲ့ အောက်ဘက်မိုင်အဝေးမှာ ဇာတ်လမ်းအကျဉ်းချုပ်အရ ဆယ်ကျော်သက် အရွယ်သားနှစ်ယောက်ကို ပြုစုပျိုးထောင်သော ထက်မြက်တဲ့မိခင် ဒေါ်ခင်သန့်စင်အဖြစ် အကယ်ဒမီ အိန္ဒြာကျော်ဇင်က ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး၊ အဓိက ဇာတ်ဆောင် နေရောင်ခန့်အဖြစ် ဒေါင်းက ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

ဝတ္ထုဇာတ်လမ်းအရ ဒေါ်ခင်သန့်စင်ရဲ့ သားနှစ်ဦး သိဒ္ဓိ နဲ့ ဒီပါနှစ်ယောက်ရှိတဲ့အနက် ဒီပါ နေရာမှာပါဝင်သရုပ်ဆောင်မည့်သူကို ထူးပိုင်ဇော်ဦး ကမိတ်ဆက်ပေးခဲ့ပါတယ်။ သူကတော့ တခြားသူမဟုတ်ပဲ တစ်ချိန်က အနုပညာလောကမှာ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ အကယ်ဒမီဒေါ်ချိုပြုံးရဲ့မြေးပဲဖြစ်ပါတယ်။

အကယ်ဒမီများရှင် ဒေါ်ချိုပြုံးရဲ့ မြေးလေး နာမည်ကတော့ ဝင်းခန့်မိုးပါတဲ့။ တစ်လောတုန်းက ဒေါ်ချိုပြုံးရဲ့ မြေးလေးဆိုပြီး ဖေ့ဘွတ်ခ်မှာ ဝန်းရံလိုက်ကြသေးတယ် မဟုတ်ပါလား။ သူကိုယ်တိုင်ကလဲ အနုပပညာကို ဝါသနာပါတဲ့အတွက် အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါတဲ့။

လက်တလောမှာတော့ Win Khant Moe ဆိုတဲ့ Facebook Page လေးထောင်ထားပြီး သူ့ရဲ့ ကိုယ်ပိုင်အနုပညာလှုပ်ရှားမှုတွေအကြောင်း တင်ပေးမယ်လို့ သိရပါတယ်။ ပရိတ်သတ်ကြီးရော Win Khant Moe ရဲ့ Page လေးကို Like လုပ်ပြီးကြပြီလား?

(ပိုပိုလေး)



Follow us on