1. Home
  2. Special or Others

ဘီယာသောက်သုံးမှု အနည်းဆုံးနိုင်ငံများတွင် မြန်မာပါဝင်

Special or Others ก.พ. 08, 2562 view 1,673
၂၀၁၈ ခုနှစ် ကမ္ဘာ့ဘီယာသောက်သုံးမှုစစ်တမ်းအရ ဘီယာသောက်သုံးမှု အနည်းဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံပါဝင်တာကိုတွေ့ရပါတယ်။ 
ဘီယာသောက်သုံးမှု တစ်ခုထဲတင်မကပဲ အရက် နဲ့ ဝိုင်သောက်သုံးမှု အနည်းဆုံးတိုင်းပြည်အဖြစ် စစ်တမ်းအရ သိရှိရပါတယ်။
 
 
ကမ္ဘာပေါ်မှာ ဘီယာသောက်သုံးမှု အများဆုံးနိုင်ငံများ စာရင်းမှာ ချက်ရီပါ့ဘလစ်နိုင်ငံက နံပါတ် ၁ နေရာက ရှိနေပါတယ်။ မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့က မြန်မာနိုင်ငံထက် ဘီယာသောက်သုံးမှု မြင့်မားနေတာကို တွေ့ရပါတယ်။
 
 
မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်ကိုးကွယ်သူများတဲ့ နိုင်ငံဖြစ်တာကြောင့် ဘာသာတရားရဲ့ အဆုံးအမနဲ့အညီ နေထိုင်သူများတဲ့အတွက် ကမ္ဘာပေါ်မှာ ဘီယာသောက်သုံးမှု အနည်းဆုံး နိုင်ငံတွေထဲကတစ်ခုအဖြစ် ရပ်တည်နေတာမျိုး ဖြစ်နိုင်သကဲ့သို့ စီးပွားရေးအခြေအနေအရ ဘီယာသောက်သုံးသူ လျှော့နည်းလာတာလည်း ဖြစ်နိုင်ပါတယ်။ 
 
မည်သို့ပင်ဆိုစေကာမူ ဘီယာကို အလွန်အကျွံ စွဲစွဲမြဲမြဲသောက်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ကျန်းမာရေး ဆိုကျိုးအန္တရာယ်များ လျှော့ပါးသွားခြင်းကလည်း ကောင်းမွန်တဲ့ လက္ခဏာပင်ဖြစ်ပါတယ်။
 


Follow us on