1. Home
  2. Movie Stars - Celebrity

ဘယ်သူမှမသိအောင် LA မှာတိတ်တိတ်လေး ဒိတ်လုပ်ခဲ့ကြတဲ့ Jennie နဲ့ Irene

Movie Stars - Celebrity ก.พ. 08, 2562 view 1,708

မိန်းကလေး Idol အဆိုတော်အဖွဲ့ Red Velvet အဖွဲ့ခေါင်းဆောင် Irene နဲ့ Black Pink အဖွဲ့ဝင် Jennie တို့ရဲ့ ခင်မင်မှုဆက်ဆံရေးက ချစ်စရာပါပဲ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၇) ရက်နေ့က Irene နဲ့ Jennie တို့ကို LA မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ အတူဒိတ်နေကြတာကို တွေ့ရှိခဲ့ကြောင်း ပရိတ်သတ်တစ်ယောက် က သူမရဲ့ Twitter account မှတစ်ဆင့်ပြောကြားခဲ့ပါတယ်။

Jennie နဲ့ Irene တို့ဟာ Gaon Music Awards မှာတုန်းကလဲ ရယ်မောကာ တစ်ယောက်နဲ့တစ်ယောက် ချစ်စဖွယ်ကြည်စားနေကြတာကို တွေ့ရမှာပါ။

ဖန်တွေက သူမတို့နှစ်ယောက် ပြင်ပမှာ ခင်ခင်မင်မင်ရှိတာကိုသဘောကျနှစ်သက်ကြပြီး Black Velvet Forever လို့ twitter မှာရေးသားခဲ့ကြပါတယ်။

Irene နဲ့ Jennie တို့ တစ်ဦးနဲ့တစ်ဦးချစ်ခင်ကြင်နာ နေတဲ့ပုံလေးတွေ ကြည့်ပြီး ပရိတ်သတ်အများကတော့ ကြည်နူးနေကြပါတယ်။ ဒီလို နာမည်ကြီး Girl Groups တွေကြားထဲက ခင်မင်မှုတွေက ချစ်စရာကောင်းတယ်လို့ မထင်မိဘူးလား ပရိတ်သတ်ကြီးရေ။


 

 



Follow us on