1. Home
  2. Special or Others

အသက် ၅၁ နှစ်ရှိတာတောင် လူငယ်တစ်ယောက်လို့ နုပျိုနေတဲ့ ဦးလေးကြီး

Special or Others ก.พ. 11, 2562 view 1,933
အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ Chuando Tan ဟာ စင်ကာပူနိုင်ငံသားဖြစ်ပြီးတော့ ဓါတ်ပုံဆရာတစ်ယောက်ပါ ။သူဟာ အသက်အရွယ်ရနေပြီဖြစ်သော်လည်း လူငယ်တစ်ယောက်လို နုပျိုနေတာကြောင့် လူအများရဲ့ စိတ်ဝင်စားခြင်းကို ခံရပါတယ်။ သူဘာကြောင့် နုပျိုနေရသလဲ ဆိုတာလည်း သိချင်နေကြပါတယ်။
 
Chuando Tan ဟာ ၁၉၆၇ နှစ်မှာမွေးဖွားလာတာဖြစ်ပြီး အခုက အသက် ၅၁ နှစ်ပြည့်ပြီးဖြစ်ပါတယ်။ သူဟာ ငယ်စဉ်က အဆိုတော် တစ်ယောက်ဖြစ်ဖို့ ရည်မှန်းချက်ထားခဲ့တာဖြစ်ပြီး ၁၉၈၀ မှာ ပေါ့ သီချင်းအဆိုတော် တစ်ယောက် ဖြစ်ဖို့ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း အောင်မြင်မှုမရှိတာကြောင့် ဓါတ်ပုံ ဘက်ကိုပြောင်း ပြီး အသက်မွေးဝမ်းကြောင်းပြုခဲ့တာဖြစ်ပါတယ်။

သူဘာကြောင့် နုပျိုနေတာလည်း ဆိုတာတော့ …
 
“ကျွန်တော် နံနက်စာကို ကြက်ဥ ၆ လုံးစားပါတယ်။ အနှစ်ကို ၂ လုံးခန့်နဲ့ အကာကို ၆ လုံးခန့်စားပါတယ်။ ဒါ့အပြင် နို့တစ်ခွက် ကိုပုံမှန်သောက်လေ့ရှိပြီး ကောဖီတို့ လက်ဖက်ရည်တို့ မသောက်ဖြစ်ဖို့ရှောင်ပါတယ်။ နေ့လည်စာ ကို အသီးအရွက်နဲ့ အာဟာရ ဖြစ်စေမဲ့အစားအသောက်ကိုသာ စားသုံးပါတယ်။ လူတစ်ယောက် ကျန်းမာနုပျိုနေဖို့ဆိုရင် ၇၀ % ကအစားအသောက်ဖြစ်ပြီး ၃၀% ကတော့ လေ့ကျင့်ခန်း ၊ သို့မဟုတ် အားကစား တစ်ခုခု လုပ်ဖိုလိုအပ်ပါတယ်။ ” လို့ Chuando Tan ကပြောပါတယ်။

Chuando Tan ဟာ တစ်နေ့ကို လေ့ကျင့်ခန်း ပုံမှန်လုပ်လေ့ရှိပြီး အလုပ်များတဲ့ ရက်တောင်မှ တစ်ပါတ်ကို ၃-၄ ရက်လောက် လေ့ကျင့်ခန်းလုပ်ဖြစ်အောင်လုပ်ပါတယ် ။ညနေခင်းမှာလည်း တစ်နာရီ ခွဲခန့် ရေကူး ရေစိမ်ပြုလုပ်တယ်လို့ဆိုပါတယ်။ အိပ်ချိန်ကိုလည်း ည ၁၁ လောက်ပုံမှန်အိပ်လေ့ရှိပြီး ရုပ်ရှင် ၊ ဂိမ်း ၊ ဖုန်းတွေကို အသုံးပြုဖို့အတတ်နိုင်ဆုံးရှောင်ကျဉ်တယ်လို့ ဆိုပါတယ်.။ နနက်ခင်းမှာ စိတ်ကို လန်းဆန်စေဖို့ စောစော ထတတ်ပါတယ်တဲ့ ။

အသက် ၄၀ စိုင်းစိုင်း နုပျိုနေတာ “အဆန်း အဟုပ်ပါ ” 

 

(ပိုပိုလေး)



Follow us on