1. Home
  2. Football

မာရှယ်ဟာ ရော်နယ်ဒို လို အဆင့်ကို ရောက်နိုင်ပါတယ် နည်းပြ ဆိုးရှား ပြောကြား

Football ก.พ. 11, 2562 view 1,572

မန်ယူနည်းပြ ဆိုးရှားက အသင်းကစားသမား မာရှယ်ဟာ ရော်နယ်ဒို လို့အဆင့်ကိုရောက်နိုင်တယ်လို့ ချီးကျူးသွားခဲ့ပါတယ် ။ မန်ယူအသင်းခေါင်းဆောင်းဟောင် ဂယ်ရီနဗီးကလည်း ဖူဟမ်းအသင်းနှင့်ပွဲစဉ်မှာ မာရှယ် သွင်းယူထားခဲ့တဲ့ ဂိုးဟာ အဆင့်တန်းမြင့်လွန်းပြီး ၂၀၀၇ ခုနှစ်က ရော်နယ်ဒို သွင်းယူခဲ့တဲ့ ဂိုးနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။

“မာရှယ်ဟာ တစ်ကယ်ထူးချွန်တဲ့ ကစားသမားပါ၊ ပင်ကိုယ် ပါရမီ ရှိပါတယ်။ သူသာ ရော်နယ်ဒိုလို့ အဆင့်ကိုရောက်အောင် ကြိုးစားမယ်ဆိုရင် မဖြစ်နိုင်စရာမရှိပါဘူး၊ သူဟာ ရော်နယ်ဒို လို့အဆင့်ကို ”ရောက်နိုင်သူပါလို့ ချီးကျူးခဲ့ပါတယ်။

အသက် ၂၃ နစ်အရွယ်ရှိတဲ့ မာရှယ် ဟာ ၂၀၁၅ ခုနှစ်က မန်ယူအသင်းကိုရောက်ရှိလာခဲ့တာဖြစ်ပြီး ၁၆၄ ပွဲမှာ ၄၇ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ဒီရာသီ ပရီးမီးယားလိဂ်မှာတော့ ၉ ဂိုးသွင်းယူပေးပါတယ်။

 ရော်နယ်ဒိုဟာ မန်ယူအသင်းနဲ့အတူ ဆုဖလား ၈ ခုပိုင်ဆိုင်ခဲ့ပြီး ၂၉၂ ပွဲမှာ ၁၁၈ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။



Follow us on