1. Home
  2. Movie Stars - Celebrity

မိတ်ကပ်မပါလဲအလှတရားတွေမှေးမှိန်မသွားတဲ့ သရုပ်ဆောင်မင်းသမီး (၁၃) ဦး

Movie Stars - Celebrity ก.พ. 11, 2562 view 2,091

များသောအားဖြင့် အမျိုးသမီးသရုပ်ဆောင်တွေဟာ သူတို့ရဲ့ မိတ်ကပ်မပါတဲ့ မျက်နှာကို ပြဖို့ အင်မတန်မှ ခဲယဉ်းကြပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်မင်းသမီးအချို့ကတော့ သူမတို့ရဲ့ မိတ်ကပ်မပါတဲ့ မျက်နှာကို ရဲဝံ့စွာ ပရိတ်သတ်ကိုထုတ်ဖော်ပြသခဲ့ကြပါတယ်။ ထိုကဲ့သို့ ထုတ်ဖော်ပြသလိုက်တဲ့အခါမှာတော့ သူမတို့ဟာ မိတ်ကပ်မပါပဲလဲ သဘာဝအတိုင်း လှပနေကြောင်း တွေ့ရှိရပါတယ်။ သူတို့တွေက ဘယ်သူတွေ ဖြစ်မလဲဆိုတာ ပိုပိုလေးနဲ့အတူ လိုက်ပါခံစားကြည့်ရှုလိုက်ကြရအောင်။

၁။ လီယောင်အေး

မြန်မာပရိတ်သတ်တွေ ချန်ဂင်လို့ သိကြတဲ့ မင်းသမီးကြီး လီယောင်အေး ဟာ မြင်သူတကာငေး၊ စိတ်ကို အေးချမ်းသွားစေတဲ့အလှတရားကိုပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။ သူမဟာ ကြည်လင်လှပတဲ့ အသားအရေကိုပိုင်ဆိုင်ထားတာကြောင့် မိတ်ကပ်မပါလဲ လှပသူတစ်ဦးဖြစ်ပါတယ်။

၂။ ဂျွန်ဂျီဟွန်း

အလှအပမှာ ဘုရင်မတစ်ဆူလို့ပြောလို့ရလောက်အောင် လှပတဲ့ ဂျွန်ဂျီဟွန်း ဟာ မိတ်ကပ်မပါလဲ သဘာဝအတိုင်းလှပသူတစ်ဦးဖြစ်ကြောင်း ပုံမှာ တွေ့ရှိနိုင်ပါတယ်။

၃။ ဆောင်းဟယ်ကျို

အွန်စောလို့ အများသိတဲ့ မင်းသမီးဆောင်းဟယ်ကျိုရဲ့ မအိုမင်းတော့တဲ့ အလှတရားဟာ မိတ်ကပ်ကြောင့်မဟုတ်ပါဘူး။ မိတ်ကပ်မပါလဲ သူမက တစ်မူထူးခြား လှပကြောင်းတွေ့ရှိရပါတယ်။

၎။ ဆူဇီ

ကြော်ငြာ၊ သရုပ်ဆောင်မင်းသမီးလေး ဆူဇီဟာလဲမိတ်ကပ်မပါလဲ လှပသူတစ်ဦးဖြစ်ပါတယ်။

၅။ ပတ်ရှင်ဟေး

ဒရာမာ မင်းသမီးလေး ပတ်ရှင်ဟေးဟာလဲ မိတ်ကပ်မပါလဲ လှပကြောင်း ပုံကိုကြည့်ချင်းအားဖြင့်သိရှိနိုင်ပါတယ်။

၆။ ဆောင်ဂျီဟို

Running Man ရဲ့ Ace Member တစ်ဦးဖြစ်တဲ့ ဆောင်ဂျီဟိုရဲ့ မိတ်ကပ်မပါတဲ့အလှကတော့ ပြောစရာတောင်လိုမယ်မထင်ပါဘူး။သူမ Running Man အစီအစဉ်ရိုက်ကူးရာမှာ မိတ်ကပ်လိမ်းလေ့မရှိပဲ မျက်နှာပြောင်နဲ့ ကစားလေ့ရှိပြီး သဘာဝအတိုင်း လှပနေဆဲပဲဖြစ်ပါတယ်။

၇။ ပတ်ဘိုယောင်း

အကောင်သေးပြီး ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ပတ်ဘိုယောင်းဟာလဲ မိတ်ကပ်မပါလဲ အလှမပျက်သူတစ်ဦးပါ။

၈။ ဟာဂျီဝန်

ဘဲဥပုံမျက်နှာကို ပိုင်ဆိုင်ထားတဲ့ ဟာဂျီဝန်ဟာ မိတ်ကပ်မပါလဲ သူမရဲ့အလှတရားတွေက မပျောက်ကွယ်သွားပါဘူး။

၉။ ယွန်နာ

အဆိုတော်၊ မင်းသမီးချောလေး ယွန်နာကတော့ သူမရဲ့ ဖြူဆွတ်ကြည်လင်တဲ့အသားအရေကြောင့် မိတ်ကပ်မပါလဲ လှနေသူလေးပါ။

၁၀။ မွန်ဂမ်ယောင်း

အွန်စေငယ်လို့ လူသိများတဲ့ မင်းသမီး မွန်ဂမ်ယောင်းဟာ baby face အသားအရေ လေးကို ပိုင်ဆိုင်တာကြောင့် မိတ်ကပ်မပါလဲ အလှမပျက်သွားပါဘူး။

၁၁။ ကင်မ်ထယ်ဟီး

အလှဘုရင်မ လို့တင်စားခေါ်ဝေါ်တဲ့ ကင်မ်ထယ်ဟီး ဟာဆိုရင်သူမရဲ့အလှအပတွေကို သံသယရှိမှုတွေ ခံခဲ့ရသူတစ်ဦးပါ။ သို့ပေမဲ့ ကင်မ်ထယ်ဟီးတစ်ယောက် မိတ်ကပ်မပါတဲ့ ပုံကိုပြသလိုက်တဲ့အခါမှာတော့ သဘာဝအတိုင်းလှပသူတစ်ယောက်ဖြစ်ကြောင်း လက်ခံခဲ့ကြပါတယ်။

၁၂။ ဂျန်နာရာ

Baby Face ကိုပိုင်ဆိုင်ထားတဲ့ ဂျန်နာရာတစ်ယောက် အသက် (၃၇) နှစ်ရှိပြီဆိုတာ မယုံနိုင်စရာပါပဲ။ ကလေးရုပ်မပျောက်သေးတဲ့ ဂျန်နာရာဟာ ဘေဘီလေးလို အသားအရေမျိုးကို ပိုင်ဆိုင်ထားတာကြောင့် မိတ်ကပ်မပါလဲ ကြည့်ကောင်းလို့နေပါတယ်။

၁၃။ ဂိုအာရာ

ကြည်လဲ့လဲ့ မျက်ဝန်းအိမ်လေးတွေရဲ့ ပိုင်ရှင်မင်းသမီးချောလေး ဂိုအာရာရဲ့ အလှတရားကလဲ မိတ်ကပ်ဖျက်လိုက်ရုံနဲ့ ပျောက်ကွယ်မသွားပါဘူး။

 

ပရိတ်သတ်ကြီးရေ မိတ်ကပ်မလိမ်းပဲ ဘယ်မင်းသမီးကအလှဆုံးလဲဆိုတာ ပြောခဲ့ကြပါဦး။

(ပိုပိုလေး)



Follow us on