1. Home
  2. Myanmar News

မြင်သာ ကညနတွင် ဝန်ထမ်းဟန်ဆောင်ပြီး ငွေကြေးလိမ်လည်ရယူသူများအား ဖမ်းဆီး

Myanmar News ก.พ. 13, 2562 view 1,786
တောင်ဥက္ကလာပမြို့နယ် မြင်သာ က.ည.န လိုင်စင်ရုံးတွင် ရုံးမှ အင်ဂျင်နီယာဝန်ထမ်းများ အယောင်ဆောင်ပြီး လိုင်စင်သက်တမ်းတိုး ပြုလုပ်သူများအား လိမ်လည်ကာ ငွေကြေးရယူနေသူ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
 
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(မြင်သာကညန) ၏ အင်ဂျင်နီယာဝန်ထမ်းအဖြစ် အယောင်ဆောင်သူ အောင်ကျော်ဦး(၅၃)နှစ်နှင့် ပြည့်ဖြိုးအောင်(၂၃)နှစ် တို့နှစ်ဦးကို သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့များနှင့် ပူးပေါင်း၍ အသွင်ယူဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
 
ထိုသူနှစ်ဦးမှာ ကညန ရုံးမှ ဝန်ထမ်းများ ထမ်မင်းစားနားနေချိန်တွင် အခွင့်ကောင်းယူပြီး အင်ဂျင်နီယာဌါနမှ ဝန်ထမ်းများယောင်ကာကာ လိုင်စင်လာရောက်သက်တမ်းတိုးသူများထံမှ ငွေကြေးတောင်းယူမှုများ ရှိကြောင်း သတင်းရသည့်အတွက် အသွင်ယူကာဖမ်းဆီးခဲ့ကြောင်း ကုန်လမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာန(မြင်သာ)က တိုင်းဦးစီးမှူးဦးလျန်ကျင့်မန် က ပြောကြားခဲ့သည်။
 
“ကျွန်တော်လည်း ဒီနေ့မနက် ကားလိုင်စင်သက်တမ်းတိုးဖို့ လာတာ ငွေ ၇၀၀၀၀ သောင်းအလိမ်ခံလိုက်ရတယ်။ အဲဒီရုံးနားမှာပွဲစားဆိုတဲ့သူကနေပြီး ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီးတော့ မြန်မြန်ပြီးချင်တယ်ဆိုရင် လုပ်ပေးမယ်လို့ပြောတယ်။ ကျွန်တော်ကလည်း မြန်မြန်ပြီးချင်တဲ့အတွက် သူတို့ပြောတဲ့ သက်တမ်းတိုးလိုင်စင်ကြေး ၅၀၀၀၀၊ ရက်လွန်ကြေး ၁၀၀၀၀၊ အာမခံကြေး ၅၀၀၀၊ ကွန်ပျူတာစစ်ခ ၁၀၀၀၊ စာရွက်စာတမ်းကြေး ၁၀၀၀ နဲ့ ပွဲခ ၂၀၀၀ ဆိုပြီး ငွေကျပ် ၇၀၀၀၀ လောက်ကိုလိမ်သွားတယ်။ ဒါတောင် ကျွန်တော်တစ်ယောက်ပဲရှိသေးတယ်” ဟု ကိုယ်တိုင် အလိမ်ခံခဲ့ရသူ တစ်ဦးက ပြန်လည်ပြောပြခဲ့သည်။
 
 
ဖမ်းဆီးရမိသူနှစ်ဦးထံမှ လိမ်လည်တောင်းယူထားသော ငွေကျပ် ၁၃၀,၀၀၀ ကိုလည်းသိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သည့် အောင်ကျော်ဦး(၅၃)နှစ်နှင့် ပြည့်ဖြိုးအောင်(၂၃)နှစ်တို့နှစ်ဦးကို သင်္ဃန်းကျွန်းမြို့မရဲစခန်းက ခေါ်ဆောင်ကာစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
 
သတင်း − မုနီမြီ


Follow us on