1. Home
  2. Movie Stars - Celebrity

ချစ်သူနဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့ Super Girl မင်းသမီး Melissa Benoist

Movie Stars - Celebrity ก.พ. 13, 2562 view 1,730

အမေရိကန် အထင်ကရ TV Series တစ်ခုဖြစ်တဲ့ Super Girl မှ အဓိက ဇာတ်ဆောင်မင်းသမီး Melissa Benoist ဟာ ဇာတ်လမ်းတွဲမှာ အတူပါဝင်သရုပ်ဆောင်သူ Chris Wood နဲ့စေ့စပ်လိုက်ပြီဖြစ်ပါတယ်။

Super girl ဇာတ်လမ်းတွဲဟာ ၂၀၁၅ ခုနှစ်က စတင်ပြသခဲ့ပြီး Melissa နဲ့ Chris တို့ နှစ်ဦးဟာ ဇာတ်လမ်းရိုက်ကူးရင်း ချစ်ကြိုးသွယ်ခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်က Melissa က သူမ Chris နဲ့စေ့စပ်ကြောင်းလမ်းလိုက်ကြောင်း instagram မှတဆင့် ပရိတ်သတ်ကို အသိပေးခဲ့ပါတယ်။

Melissa နဲ့ Chris တို့ဟာ သက်တူရွယ်တူ ချစ်သူနှစ်ဦးဖြစ်ကြပါတယ်။ ရွယ်တူဖြစ်တဲ့အတွက် တစ်ဦးကိုတစ်ဦး သူငယ်ချင်းပေါင်း ပေါင်းကြတာကိုတွေ့ရမှာပါ။ ဟောလိဝုဒ် ချစ်သူစုံတွဲတွေအများအပြားထဲက စိတ်သူကိုယ်တူရှိတဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရေ Super Girl မင်းသမီးလေး Melissa နဲ့ Chris တို့စုံတွဲကို ချစ်စရာကောင်းတဲ့ စုံတွဲလေးလို့မထင်မိဘူးလား။ အမြန်ဆုံး ရွှေလက်တွဲနိုင်ပါစေလို့ ပိုပိုလေးနဲ့အတူ ဆုတောင်းပေးလိုက်ကြရအောင်။

(ပိုပိုလေး)

 

 

 



Follow us on