1. Home
  2. Football

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်မှာ နိုင်ပွဲတွေ ကိုယ်စီ ရရှိခဲ့တဲ့ စပါး နဲ့ ရီးရဲလ်

Football ก.พ. 14, 2562 view 1,467

အေဂျက် ၁-၂ ရီးရဲလ်မက်ဒရစ် 

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲတွေမှာတော့ လက်ရှိချန်ပီယံ ရီးရဲလ်မက်ထရစ်အသင်းက အဝေးကွင်းမှာ အေဂျက် ကို အကြိတ်အနယ် ကစားပြီး ၂-၁ ဖြင့်အနိုင် ရရှိခဲ့ပါတယ်။ အေဂျက်အသင်းဟာ အကောင်းဆုံးကစားနိုင်ခဲ့ပေမဲ့ ပထမပိုင်းမှာ VAR ဆုံးဖြတ်ချက် ကြောင့် နစ်နာခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဂိုးတွေ အပြန်အလှန်သွင်းလာခဲ့ကြပါတယ်။ ၆၀ မိနစ်မှာ ဘန်ဇီမာ ရီးရဲလ်အတွက် အဖွင့်ဂိုးသွင်းခဲ့ပြီး ၇၅မိနစ်မှာ အိမ်ရှင် အေဂျက်အတွက် ဟာကင်က ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ သရေကျမလို ဖြစ်ပြီးမှာ ရီးရဲလ်ဖက်က လူစားဝင်လာတဲ့ အဆန်စီယိုက ၈၇မိနစ်မှာ အနိုင်ဂိုး သွင်းခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ အေဂျက်အသင်း အပိုင်အခွင့်အရေး အသုံးမချနိုင်လို့ လက်ရှိ ချန်ပီယံ ရီးရဲလ် အင်းက နိုင်ပွဲရရှိခဲ့ပါတယ်။

 

စပါး ၃-၀ ဒေါ့မွန်

နောက်ထပ် စပါးအသင်းကလည်း အိမ်ကွင်းမှာ ဒေါ့မွန် အသင်းကို ၃-၀ ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ။ ပထမပိုင်းမှာ ဧည့်သည်အသင်းကချည်း ဖိကစားထားပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့တာပါ။

ဒါပေမယ့် ဒုတိယပိုင်းအစမှာ ဦးဆောင်ဂိုး စရသွားတဲ့ စပါးကြောင့် ဒေါ့မန် ကစားကွက် ပျက်သွားခဲ့တာပါ။ စပါးအတွက် ၄၇မိနစ်မှာ ဆွန်၊ ၈၃မိနစ်မှာ ဗာတွန်ဂမ်နဲ့ ၈၆မိနစ်မှာ လော်ရန်တေးတို့က သွင်းပေးခဲ့ကြတာဖြစ်ပါတယ်။

 

 



Follow us on