1. Home
  2. Movie Stars - Celebrity

ဇာဏ်ခီက သူမအသက်ရှင်နေရတဲ့အကြောင်းအရင်းလေးပါလို့ ပြောပြလိုက်တဲ့ ခရစ်စတီးနားခီ

Movie Stars - Celebrity ก.พ. 14, 2562 view 1,712

ဥပါယ်တံမျဉ်၊ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားများနဲ့ ကျော်ကြားလာတဲ့ ခီမောင်နှံကို ပရိတ်သတ်အများက လေးစားချစ်ခင်ကြပါတယ်။

ဇနီးသည်က ဒါရိုက်တာ၊ ခင်ပွန်းသည်က အမျိုးသားသရုပ်ဆောင် နှစ်ဦးစလုံးက သူ့နယ်ပယ်နဲ့ သူ ကျွမ်းကျင်ပိုင်နိုင်ကြတဲ့သူတွေဖြစ်ကြပါတယ်။ ပရိတ်သတ်ကြီး ချစ်ရတဲ့ ခီမောင်နှံဟာ တစ်ဦးပေါ်တစ်ဦး ချစ်ခင်ကြင်နာတတ်တဲ့နေရာမှာတော့ လူငယ်စုံတွဲလေးတွေတောင် အရှုံးပေးရပါတယ်။

တစ်ဦးအပေါ်တစ်ဦး နားလည်မှု၊ လေးစားသမှုတွေနဲ့ တည်ဆောက်ထားတဲ့ သူမတို့နှစ်ယောက်ရဲ့ အိမ်ထောင်မှုဘဝလေးက မြင်ရသူအပေါင်းကို ကြည်နူးစေပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၁၄ ၊ ချစ်သူများနေ့မှာ ဒါရိုက်တာ ခရစ်စတီးနားခီက ဇာဏ်ခီဟာ သူမဘဝမှာ အသက်ရှင်သန်နေရတဲ့ အကြောင်းအရင်းလေး ဖြစ်ကြောင်း ပို့စ်တင်ခဲ့ပါတယ်။

Valentine’s day ဟာ ခီမောင်နှံရဲ့ ချစ်သူသက်တမ်း (၁၉) နှစ်တိတိပြည့်တာဖြစ်ပြီး ခရစ်စတီးနားက ဇာဏ်ခီ့ကို ဒီနေ့ဒီရက်မှာ အဖြေပေးခဲ့ကြောင်း ပြောကြားထားပါတယ်။

‘ဘာတွေပဲဖြစ်နေနေ၊ ဘယ်လို အချိန်တွေပဲဖြစ်ဖြစ်၊ ဘယ်ဘဝရောက်ရောက်၊ အရွယ်တွေပဲပြောင်းလာလာ၊ ဘာတွေပဲဆက်ပြီးရင်ဆိုင်ရ သူ့အချစ်နဲ့တင် နေရတာ တကယ်တန်နေပြီ ’ လို့ ရေးသားထားပါတယ်။

လွန်ခဲ့တဲ့ ၁၉ နှစ်မှာသာ အဖြေမပေးခဲ့မိရင် အခုအချိန်လူ့ဘဝမှာ ကိုယ်ဆိုတာ တည်ရှိနေမှာမဟုတ်ဘူး၊ နာကျင်စရာကောင်းတဲ့ လူ့လောကကြီးမှာ အသက်မရှင်ချင်တော့ဘူးလို့ မတောင်းဆိုတော့ပါဘူး ဆက်အချစ်ခံချင်သေးလို့ ဆိုပြီး ရေးသားထားပါတယ်။

ခီမောင်နှံရဲ့ ကြည်နူးဖွယ်ရာ ပုံရိပ်တွေကိုကြည့်ပြီး ပရိတ်သတ်ကြီးဆီကို အပျော်တွေ ကူးစက်သွားမယ်လို့ထင်ပါတယ်။ ပရိတ်သတ်ကြီးကို ချစ်သူများနေ့မှာ ကိုယ်ချစ်တဲ့သူတွေနဲ့ ပျော်ရွှင်စရာအချိန်လေးတွေ ကုန်ဆုံးနိုင်ပါစေလို့ ပိုပိုလေးမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

(ပိုပိုလေး)

 



Follow us on