1. Home
  2. Movie Stars - Celebrity

အောင်မြင်ကျော်ကြားတဲ့ အမေရိကတီဗွီရှိုးတွေမှာသွားရောက်ဖျော်ဖြေပြီး ကိုးရီးယားဂုဏ်ဆောင်ခဲ့တဲ့ Black Pink

Movie Stars - Celebrity ก.พ. 14, 2562 view 2,477

K-pop မိန်းကလေး အဆိုတော်အဖွဲ့ Black Pink ဟာ လတ်တလောမှာ အနောက်နိုင်ငံတွေအထိပါ ပေါက်မြောက်အောင်မြင်လာပြီပဲဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ ‘Du Du Du’ သီချင်းနဲ့ Youtube မှာ Viewer (၆) သန်းကျော်ရရှိထားပါတယ်။

Black Pink ဟာ ဖေဖော်ဝါရီ (9) ရက်နေ့မှာ Universal Music ကပြုလုပ်တဲ့ Grammy Artist Showcase မှာ ‘Du Du Du’ 'Foever Young' သီချင်းတို့နဲ့ တက်ရောက်ဖျော်ဖြေခဲ့ပါတယ်။ Grammy လို ကြီးကျယ်ခမ်းနားလှတဲ့ ပွဲမျိုးမှာ ဖျော်ဖြေခွင့်ရတဲ့အတွက် ကိုးရီးယားလူမျိုးတွေအတွက်တော့ ဂုဏ်ယူစရာပါပဲ။

Black Pink ဟာ အမေရိက ရဲ့ နာမည်ကြီး တီဗွီအစီအစဉ် Good Morning America မှာ  ဧည့်သည်အဖြစ် ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ Good Morning America ရဲ့ Black Pink ပါဝင်တဲ့အပိုင်းမှာ အမေရိကန်က Blinks လေးတွေက လာရောက်အားပေးခဲ့ကြပါတယ်။

Black Pink ဟာ Good Morning America မှာပါဝင်လိုက်တဲ့အတွက် အနောက်နိုင်ငံတွေမှာအရင်ကထက်လူသိပိုများလာပြီ ဖြစ်ပါတယ်။ ၂၀၁၉ မှာ အမေရိကဘက်ကို Black Pink World Tour  ဖျော်ဖြေရေး Concert တွေနဲ့ ခြေဆန့်ဖို့ရှိကြောင်းပြောကြားခဲ့ပါတယ်။

နောက်ထပ် နာမည်ကြီး တီဗွီရှိုးတစ်ခုဖြစ်တဲ့ The Late Late Show မှာလဲ ပါဝင် ဖျော်ဖြေခဲ့ပါတယ်။

Black Pink အဖွဲ့ အမေရိကအထိ ခြေဆန့်အောင်မြင်လာတာဟာ Blinks လေးတွေအတွက်ရော ကိုးရီးယားနိုင်ငံအတွက်ပါ ဝမ်းသာစရာ သတင်းကောင်းပါပဲ။ ပရိတ်သတ်ကြီးရေ အမေရိကမှာ အောင်မြင်နေတဲ့ Black Pink ကို မြင်ရတာ ကြည်နူးမိတယ်မဟုတ်လား။ သဘောကျ ကြည်နူးမိတယ်ဆိုရင် like & share လေးလုပ်ပေးဖို့လဲ မမေ့ကြနဲ့ဦးနော်။ ^^

(ပိုပိုလေး)

 

 



Follow us on