1. Home
  2. Special or Others

“ငပိန်” လို့ အခေါ်မခံချင်တာကြောင့် စမတ်ကျတဲ့ ခန္ဓာကိုယ် တစ်ခုရအောင် ကြိုးစားခဲ့တဲ့ လူငယ်

Special or Others ก.พ. 14, 2562 view 1,992

Zac Aynslewy ဆိုတဲ့ အသက် ၂၁ အရွယ် လူငယ်လေးဟာ ငယ်စဉ်က အတော်ပိန်တဲ့ ကောင်လေး တစ်ယာက်ပါ ။ ပိန်တဲ့ အတွက် ကြောင့် လူအများရဲ့ အထင်သေးခြင်း၊ လှောင်ပြောင်ခြင်း ၊ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ အဲလို့အထင်သေးတဲ့ အကြည့်တွေ အောက်မှာ Zac Aynslewy အမြဲလိုလို စိုးရိမ်စိတ် အားငယ်စိတ် ဖြစ်ခဲ့ပါတယ်။ ဒါတွေကို သူပြောင်းလဲချင်ဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

အခုဆို Zac Aynslewy ဟာ အလူအများ အထင်ကြီးလေးစားရဲ့ လူတစ်ယောက်အဖြစ် သတ်မှတ်ခံရတဲ့အပြင် အခုဆို Zac ကို ဟောလိဝုဒ်ကြယ်ပွင့်တွေနဲ့အတူ ရုပ်ရှင်ရိုက်ဖို့တောင် ပေါင် ၇ သိန်းခွဲပေးပြီး ကမ်းလှမ်းခြင်းခံထားရပါတယ်။

လွန်ခဲ့တဲ့ ၉ နှစ်လောက်က အတော်ပိန်တဲ့ Zac ဟာ လူတွေရဲ့ လှောင်ပြောင်မှု တွေရဲ့အောက်မှာ အမြဲလို စိတ်အားငယ်မှု စိုးရိမ်စိတ်တွေရှိနေတာကြောင့် သူကိုယ့်သူ အမြဲ အားငယ်ခဲ့ရပါတယ်။ ဒါကြောင့် သူရဲ့ ခန္ဓာကိုယ် ကို ပြောင်းလဲဖို့ဆုံးဖြတ်ခဲ့ပြီး အချိုးအစားကျကျ နဲ့ လှပ တဲ့ ခန္ဓာကိုယ် တစ်ခုရဖို့အတွက် ကြိုးစားခဲ့ပါတယ်။ ခုဆို သူကို အားပေးနေတဲ့ ပရိတ်သတ် အတော်အများအပြားနဲ့ instagram ပေါ်မှာလည်း follower တစ်သန်းကျော်နဲ့ အောင်မြင်မှုရရှိနေပါပြီ။

အရင်တုန်းက စိုးရိမ်စိတ်တွေနဲ့ ပြည့်နှက်နေတဲ့ကောင်းလေးတစ်ယောက်ဟာ သူရဲ့ပုံစံကို ပြောင်းလဲချင်တဲ့ မခံချင်စိတ် တစ်ခု နဲ့တွန်ကန်ပြီး အောင်မြင်မှုတစ်ခုကို ရယူနိုင်ခဲ့ပါတယ်။

 

 



Follow us on