1. Home
  2. Special or Others

၎ နှစ်အရွယ် မြန်မာမိန်းကလေး ထိုင်းနိုင်ငံ ဆေးရုံခေါင်းမိုးပေါ်မှ ပြုတ်ကျ (ရုပ်သံ)

Special or Others ก.พ. 14, 2562 view 1,573
ဖေဖော်ဝါရီ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ ကချာနာဘူရီရှိ ၇ လွှာမြင့်သော ဆေးရုံကြီးတစ်ခု၏ ခေါင်မိုးပေါ်မှ ၄ နှစ်သမီးအရွယ် မြန်မာမိန်းကလေးတစ်ဦး ပြုတ်ကျခဲ့ရာ ကံကောင်းထောက်မစွာဖြင့် အောက်သို့ မရောက်သွားပဲ ဆေးရုံဆိုင်းဘုတ်စာတန်းကို ခိုကာ တွဲလောင်းအနေအထား ဖြစ်နေသဖြင့် အရေးပေါ် အချိန်မီ ကယ်တင်ခဲ့ရကြောင်း သတင်းရရှိသည်။
 
 
ဆေးရုံဆိုင်းဘုတ်စာတန်းကို တွဲလောင်းခိုနေသော ကလေးငယ်ကို ကယ်ဆယ်ရေးအဖွဲ့က ကယ်တင်နေသော ရင်ထိတ်ဖွယ်ရာ ရုပ်သံကို ပြီးခဲ့တဲ့ တနင်္လာနေ့က “Noom Muangnon” အမည်ဖြင့် ဖေ့စ်ဘွခ်သုံးစွဲသူက တင်ထားခဲ့ပြီး မြန်မာမိန်းကလေးငယ်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။
 
ကလေးငယ်ဟာ နှစ် ၁၀၀ ပြည့်အဆောက်အဦး ဟု အဓိပ္ပါယ်ရပြီး ထိုင်းဘာသာဖြင့်ရေးထိုးထာသော စာတန်းကို တွဲလောင်းခိုရက်ကြီး ဖြစ်နေတာကို ရုပ်သံမှာ တွေ့မြင်ခဲ့ရပါတယ်။
 
 
ကလေးငယ်ကို ကယ်တင်နိုင်ခဲ့ပြီးနောက် ဖြစ်ရသည့် အကြောင်းရင်းကို စုံစမ်းရာ ဆေးရုံမှ သန့်ရှင်းရေးဝန်ထမ်းက ခေါင်မိုးပေါ်တက် သန့်ရှင်းရေးလုပ်ပြီးနောက် တံခါးကို ပြန်လည်သောမခတ်မိခဲ့သဖြင့် ကလေးက တိုက်ခေါင်မိုးပေါ်ရောက်ကာ ပြုတ်ကျခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။


Follow us on