1. Home
  2. Movie Stars - Celebrity

အခွင့်အရေးရရင် BTS နဲ့အတူလက်တွဲပြီးသီချင်းတွေလုပ်ချင်ပါတယ်လို့ ကမ်းလှမ်းလိုက်တဲ့ Westlife

Movie Stars - Celebrity ก.พ. 14, 2562 view 1,627

20 ရာစုရော 21 ရာစုပါမကျန် အောင်မြင်ကျော်ကြားလာတဲ့ အဖွဲ့ကိုပြပါဆိုလျှင် Westlife အဖွဲ့ကိုပြောရမှာပါပဲ။ ‘My Love’ ‘Swear It Again’ ‘Fool Again’ သီချင်းတွေဆိုရင် ယနေ့တိုင် လူတွေတမ်းတမ်းစွဲနားထောင်ကြတဲ့ သီချင်းတွေလို့ပြောလို့ရပါတယ်။ ဘယ်တော့မှလဲရိုးမသွားပါဘူး။

Westlife ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စင်ကာပူနိုင်ငံမှာ ဖျော်ဖြေပွဲပြုလုပ်ဖို့ ရောက်ရှိနေတာပဲဖြစ်ပါတယ်။ (၈) နှစ်ကြာ ပရိတ်သတ်ရှေ့က ပျောက်ကွယ်သွားပြီးမှ သီချင်းအသစ်နဲ့ ပြန်ရောက်လာတဲ့ Westlife ကို သောင်းသောင်းဖြဖြ ကြိုဆိုသူတွေ အများအပြားပါ။

စင်ကာပူရောက်နေတဲ့ Westlife ကို MBC Section TV က အင်တာဗျူးမေးမြန်းခဲ့ပါတယ်။

West Life ဟာ သူတို့မှာ အခွင့်သာခဲ့ရင် ကိုးရီးယားလူငယ် idol အဖွဲ့ BTS နဲ့ သီချင်းတူတူ collaborate လုပ်ချင်တယ်လို့ပြောခဲ့ပါတယ်။ Westlife နဲ့ BTS အဖွဲ့ ပေါင်းစည်းမှာဖြစ်တဲ့အတွက် WestBTS ဆိုပြီး Collaborate လုပ်ကြရအောင်လို့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

Westlife အဖွဲ့ဝင်တွေ BTS နဲ့ Collaborate လုပ်ချင်တဲ့အကြောင်းကို အင်တာဗျူး သုံးခုမှာ Mention ခဲ့တာဖြစ်ပါတယ်။

CNA ၊ MYX Phillipines တို့ရဲ့ အင်တာဗျူးမှာလဲ BTS နဲ့ Collaborate လုပ်ချင်တဲ့အကြောင်း ထည့်ပြောသွားတာပါ။

ပရိတ်သတ်ကြီးရေ Westlife အဖွဲ့ဝင်တွေကတော့ BTS နဲ့ အတူသီချင်းတွေ တွဲဖက်သီဆိုဖို့ ဆန္ဒပြင်းပြနေကြပါပြီ။ BTS ဘက်က Confirm ဖြစ်ဖို့ပဲကျန်ပါတော့တယ်။ Westlife နဲ့ BTS တို့ရဲ့ Collaboration ကို ပရိတ်သတ်ကြီးလဲအမြန်ဆုံး မြင်တွေ့ချင်နေလိမ့်မယ်လို့ ထင်ပါတယ်။

 



Follow us on