1. Home
  2. Football

မော်ရင်ဟိုနဲ့နည်းပြအဖွဲ့ ဝင်တွေကို နစ်နာကြေး ပေါင် သန်း၂၀ နီးပါးပေးခဲ့ရတဲ့ ယူနိုက်တတ်

Football ก.พ. 15, 2562 view 1,438

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက နည်းပြမော်ရင်ဟိုနဲ့ အဖွဲဝင်တွေကို ထုတ်ပယ်ခဲ့မှုအတွက်ကြောင့် မန်ချက်စတာယူနိုက်တတ်အသင်းဟာ ၁၉.၆ သန်းပေးချေခဲ့ရတယ်လို့ ၂၀၁၈ ခုနှစ် လပတ်ဘဏ္ဍာရေးရှင်းတမ်းကိုထုတ်ပြန်ခဲ့ရာမှာ ဖော်ပြသွားတာဖြစ်ပါတယ်။

မန်ချက်စတာယူနိက်တတ်သင်းဟာ မော်ရင်ဟိုနဲ့နည်းပြအဖွဲ့ ဝင်တွေကို လျှော်ကြေး ပေါင်း သန်း၂၀ နီးပါး ကုန်ကျခဲ့ပေမဲ့ အခြားလုပ်ငန်းတွေမှာ ဝင်ငွေပိုရရှိခဲ့ပါတယ်။ ရုပ်သံပိုင်းမှာ ဝင်ငွေ ၃၈ % တိုးလာပြီး ပေါင် ၁၀၃.၇ သန်းအထိရရှိခဲ့ပါတယ်။

ဒါ့အပြင် အခြားစီးပွားရေးနဲ့ စပွန်ဆာတွေဆီကနေလည်း ဝင်ငွေအများအပြားရရှိခဲ့ပြီး မန်ယူအခြေစိုက် Remington လက်နက်ထုတ်လုပ်ရေးကုပ္ပဏီ နဲ့စပွန်ဆာထပ်ရမှုကြောင့် ပေါင်၆၅.၉ သန်းခန့်ရှိခဲ့ပါသေးတယ်။

မန်ယူနိုက်တတ်အသင်းဟာ မော်ရင်ဟို ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက လီဗာပူးလ်အသင်းကို ၃-၁ ဖြင့် ရှုံးနိမ်ခဲ့ပြီးနောက် ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ မေလမှာ မန်ယူကို ရောက်လာတဲ့ မော်ရင်ညိုဟာ ရာထူးက ထုတ်ပယ်ခံရချိန်မှာ မန်ယူအသင်းနဲ့ ၂၀၂၀ပြည့်နှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေခဲ့ပါတယ်။



Follow us on