1. Home
  2. Movie Stars - Celebrity

စိတ်ကျန်းမာရေးအခြေနေကြောင့် မင်္ဂလာပွဲရွှေ့ဆိုင်းလိုက်တဲ့ ဂျက်စတင်ဘီဘာ

Movie Stars - Celebrity ก.พ. 15, 2562 view 1,712
ကမ္ဘာကျော်အဆိုတော် ဂျက်စတင်ဘီဘာက သူ့ရဲ့စိတ်ကျန်းမာရေး အခြေအနေကြောင့် ဟေလီဘီဘာ နဲ့ လက်ထပ်မယ့် မင်္ဂလာပွဲကို ယာယီရွှေ့ဆိုင်းလိုက်ပါတယ်။
 
“Beauty And The Beast” ဇာတ်ဝင်တေး နောက်ဆုံးသီဆိုခဲ့တဲ့ ဂျက်စင်ဘီဘာက သူရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြန်ကောင်းလာအောင် လုပ်ဖို့အဓိကကျတာကြောင့် အခုလို မင်္ဂလာပွဲကို ရွှေ့ဆိုင်းလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
 
“နှစ်ဖက်မိဘဆွေမျိုး မိတ်ဆွေတွေနဲ့ မင်္ဂလာပွဲလုပ်ဖို့ စီစဉ်ထားနေရင်းကနေ ဂျက်စတင်ဘီဘာက သူ့ရဲ့စိတ်ကျန်းမာရေး ပိုကောင်းလာအောင် လုပ်ဖို့ အာရုံစိုက်သင့်တယ်လို့ ဆုံးဖြတ်ပြီး မင်္ဂလာပွဲကို ရွှေ့လိုက်တာပါ။ လက်တလော ဂျက်စတင်ဘီဘာရဲ့ အခြေအနေကောင်းပါတယ်။ သူ့အခြေအနေကို သူသိပြီး အခြားသူတွေဆီကနေ ပွင့်ပွင့်လင်းလင်း အကူအညီယူနေပါတယ်။ ဟေလီကလည်း တစ်ကယ့်ကို သူ့အတွက် အဖော်မွန်ကောင်းပါ ဘေးကနေ ဖေးကူပေးနေပါတယ်” လို့ ဂျက်စတင်ဘီဘာနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ဆိုပါတယ်။
 
 
ဂျက်စတင်နဲ့ ဟေလီတို့ဟာ နာမည်ကြီးအနုပညာအသိုင်းအဝိုင်းကို ဖိတ်စာကတ်တွေ ပိုးထားခဲ့ပြီးဖြစ်ပေမယ့် အချက်အလက်အချို့ကိုတော့ မဖော်ပြထားပဲ လျှို့ဝှက်ထားပါတယ်။ ဒါဟာသူတို့ ချစ်ခင်ရတဲ့ အသိုင်းအဝိုင်းက လူတွေကို အံ့သြသွားစေမယ့် အစီစဉ်တွေ ဆွဲထားလို့ဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်္ဂလာပွဲကို ယာယီရွှေ့ဆိုင်းလိုက်ပါတယ်။


Follow us on