1. Home
  2. Movie Stars - Celebrity

မိုက်ကယ်ဂျက်ဆင် သေမင်းကို လှည့်စားခဲ့ဖူးတယ်လို့ မိခင်ဖြစ်သူထုတ်ပြော

Movie Stars - Celebrity ก.พ. 15, 2562 view 1,801
ကမ္ဘာကျော် ပေါ့ပ်ဂီတဘုရင်ကြီး မိုက်ကယ်ဂျက်ဆင်ရဲ့ ကံကြမ္မာဟာ သူတစ်ကယ်သေဆုံးခဲ့တဲ့ နေ့ရက်ထက် ၈ နှစ်စောပြီး သေဆုံးဖို့ ဖန်လာခဲ့ပေမယ့် သေမင်းကို လှည့်စားနိုင်ခဲ့တဲ့အတွက် တစ်ကြိမ်တစ်ခါ သေမင်းလက်ကနေ သီသီလေးလွတ်ခဲ့ဖူးကြောင်း မိုက်ကယ်ဂျက်ဆင်ရဲ့ မိခင်ဖြစ်သူ ‘ကတ်သရင်း’ က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
၂၀၀၁ ခုနှစ်က စစ်သွေးကြွ အကြမ်းဖက်တိုက်ခိုက်သူများရဲ့ လက်ချက်ဖြင့် လူပေါင်း ၃၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ အမေရိကန်နိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို လေယာဉ်နဲ့ ဝင်တိုက်ခဲ့မှုမှာ မိုက်ကယ်ဂျက်ဆင် သေဖို့ ၁၀၀ ရာခိုင်နှုန်းရှိခဲ့ပေမယ့် လွတ်မြောက်ခဲ့ရပါတယ်။
 
 
9/11 တိုက်ခိုက်ခံရမယ့်နေ့မှာပဲ မိုက်ကယ်ဂျက်ဆင်ကလည်း ကုန်သွယ်ရေးစင်တာ အပေါ်ထပ်အခန်းတစ်ခုမှာ အလုပ်ကိစ္စ ချိန်းဆိုထားတာကို သွားဖို့ရှိပါတယ်။ အဲဒီမတိုင်ခင် ၈ ရက်နေ့ညမှာ မိခင်ဖြစ်သူနဲ့ ဉာဉ့်နက်တဲ့ထိ စကားလက်ဆုံကျခဲ့ပြီးမှ  သူတည်းတဲ့ ဟိုတယ်ကို ပြန်သွားခဲ့ပါတယ်။
 
နောက်တစ်နေ့နံနက် ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရတဲ့ သတင်းလည်းရရော မိခင်ဖြစ်သူ စိတ်ပူပြီး ဟိုတယ်ကို ဖုန်းဆက်တဲ့အခါကျမှ မိုက်ကယ်ဂျက်ဆင်ဟာ အိမ်ပျော်တာ အချိန်လွန်သွားတာကြောင့် မသွားဖြစ်လိုက်ဖူးဆိုတာ သိရပြီး စိတ်အေးသွားရတယ်လို့ ဆိုပါတယ်။
ဖုန်းဆက်ချိန်မှာ မိုက်ကယ်ဂျက်ဆင်က “အမေကျွန်တော်ဘာမှ မဖြစ်ဘူး၊ ကျေးဇူးတင်လိုက်တာအမေရယ်၊ ညက အမေစကားတွေအများကြီးပြောပေးလို့ မနက်က အိပ်ယာထနောက်ကျပြီး ချိန်ထားတာလွဲသွားတာ” လို့ ဖုန်းထဲကနေ ပြောခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
 
 
မည်သို့ပင် ဆိုစေကာမူ သေမင်းလက်ကနေ တစ်ကြိမ်လွတ်မြောက်ခဲ့ပြီး ၈ နှစ်အကြာမှာတော့ ရှောင်လွှဲလိုမရပဲ ဆေးလွန်ပြီး မိုက်ကယ်ဟာ သူ့ရဲ့နေအိမ်မှာပဲ နှလုံးရှော့ခ်ဖြစ်ကာ သေဆုံးသွားခဲ့ပါတယ်။
 
 
လတ်တလောမှာတော့ မိုက်ကယ်ဂျက်ဆင်ဟာ ကလေးတွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အစ်ကိုဖြစ်တဲ့ ဂျာမိန်း က ဆက်လက်ပြီး အမှုရင်ဆိုင် ဖြေရှင်းပေးနေရဆဲ ဖြစ်ပါတယ်။ ဂျက်ဆင်မိသားစုတွေကတော့ စွပ်စွဲချက်တွေအားလုံးကို ငြင်းပယ်ခဲ့ပြီး ဒါတွေဟာ ငွေကြေးရယူလိုမှုနဲ့ မဟုတ်တန်းတရား ပြောဆိုစွပ်စွဲတာဖြစ်ကြောင်း ချေပနေရပါတယ်။
မိုက်ကယ်ဂျက်ဆင်ဟာ အသက် ၁၀၀ မနေခဲ့ရပေမယ့် သူကွယ်လွန်ခဲ့ပြီး ၁၀ စုနှစ်တိုင် တရားစွဲခံနေရတဲ့ ကမ္ဘာကျော်ဂီတပညာရှင်လည်းဖြစ်ပါတယ်။
 


Follow us on