ကိုးရီးယား သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေဟာ ဇာတ်လမ်းတွဲရိုက်ကူးရင်း တကယ့်လက်တွေ့ဘဝမှာ အမှန်အကန်ချစ်ကြိုက်သွားတဲ့စုံတွဲတွေရှိနေပါတယ်။ ဇာတ်လမ်းတွဲကြည့်ရင်း ကိုယ်ကြိုက်တဲ့မင်းသားနဲ့ မင်းသမီးကို ကြိတ်ဘဘောတူနေရတဲ့ feeling ကဘာနဲ့မှမလဲနိုင်ပါဘူး။ တကယ့်လက်တွေ့ဘဝမှာ ချစ်သူစုံတွဲတွေအဖြစ် ရွှေလက်တွဲသွားကြတဲ့ မင်းသား၊မင်းသမီးတွေနဲ့မိတ်ဆက်ပေးပါရစေ။
DOTS ဇာတ်လမ်းတွဲ ရိုက်ကူးပြီးချစ်ကြိုးသွယ်ခဲ့ကြတဲ့ Song-Song Couple ဖြစ်ပါတယ်။ Song-Song ကို DOTS ဇာတ်လမ်းတွဲမှာကတည်းက သဘောတူပြီးတွဲစေချင်တဲ့ ပရိတ်သတ်တွေအများအပြားပါပဲ။ သူတို့နှစ်ယောက်ဟာ ၂၀၁၇ ၊ အောက်တိုဘာ ၃၁ မှလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။
ဟာသတွေပဲ လုပ်နေတဲ့ Running Man အဖွဲ့ဝင် လီကွမ်ဆူကိုတော့ တစ်သက်လုံးလူပျိုကြီးလုပ်သွားတော့မယ်လို့ ပရိတ်သတ်ကထင်မှတ်နေခဲ့တာပါ။ ဒါပေမဲ့ လီကွမ်ဆူကတော့ ပြီးခဲ့တဲ့လက သူရည်းစားရသွားပြီဖြစ်ကြောင်း ကြေငြာအသိပေးခဲ့ပါတယ်။
Ji Sung နဲ့ Lee Bo Young တို့ကတော့ ၂၀၁၃ ကတည်းက လက်ထပ်ထိမ်းမြားခဲ့တာဖြစ်ပြီး အခုဆို သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်နဲ့ သာယာလှပတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။
Big Bang အဖွဲ့ဝင် Taeyang နဲ့ သရုပ်ဆောင်မင်းသမီး Min Hyorin တို့ဟာ Eyes,Nose, Lips သီချင်းမှာ အတူပါဝင်သရုပ်ဆောင်ရင်း ချစ်ကြိုးသွယ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၈ ၊ ဖေဖော်ဝါရီ ၃ ရက်နေ့မှာလက်ထပ်ထိမ်းမြားခဲ့ကြတာပဲဖြစ်ပါတယ်။
ကိုးရီးယားရဲ့ မက်ဒေါနားလို့တင်စားခေါ်ဝေါ်ကြတဲ့ Lee Hyori နဲ့ ခင်ပွန်းသည် Lee Sang Soon တို့ဟာလဲ ပရိတ်သတ်အများချစ်ခင်တဲ့ စုံတွဲတစ်တွဲပါ။
F4 မင်းသမီးလေး Kyu Hye Sun နဲ့ Ahn Jae Hyun တို့ကတော့ Blood ဇာတ်လမ်းတွဲအပြီးမှာချစ်ကြိုးသွယ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ချစ်စဖွယ် မနဲ့မောင်ဆက်ဆံရေးကလဲ မြင်ရသူအပေါင်းကို ကြည်နူးစေပါတယ်။
အဆိုတော်၊ မင်းသား Rain နဲ့ မင်းသမီး Kim Tae Hee တို့ စုံတွဲလေးဟာလဲ ပရိတ်သတ်ချစ်ခင်ရတဲ့စုံတွဲတစ်တွဲပါ။ သူတို့နှစ်ဦးကလဲ မနဲ့မောင် စုံတွဲလေးပဲဖြစ်ပါတယ်။
သရုပ်ဆောင် Jo Jung Suk နဲ့ ဇာတ်ဝင်တေး အဆိုရှင် Gummy တို့ကလဲမကြာသေးခင်ကမှာ လက်ထပ်ထိမ်းမြားထားတာပါ။ လူအများအားကျရတဲ့စုံတွဲ လေးပါပဲ။
Lee Joon နဲ့ Jung So Min တို့ကတော့ Father is Strange မိသားစုဒရာမာ ဇာတ်လမ်းတွဲမှာ အတူပါဝင်သရုပ်ဆောင်ရင်း ချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။
Kim Woo Bin နဲ့ Shin Min Ah တို့ စုံတွဲလေးကတော့ ပြီးခဲ့တဲ့လကမှ ရည်းစားသက်တမ်း (၄) နှစ်ပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ Kim Woo Bin တစ်ယောက် ကင်ဆာရောဂါဝေဒနာ ခံစားနေရတာဖြစ်ပြီး ဆေးကုသမှုခံယူနေစဉ်အတောအတွင်း Shin Min Ah က အနားကနေဖေးမကူညီလျက်ရှိပါတယ်။ ပွင့်လင်းမြင်သာတဲ့ ဟန်ပန်တွေနဲ့ သူတို့နှစ်ဦးရဲ့ မနဲ့မောင်ဆက်ဆံရေးဟာလဲ ချစ်မြတ်နိုးဖွယ်ရာအတိပါပဲ။
ပရိတ်သတ်ကြီးရေ ဆယ်လီစုံတွဲတွေထဲက ဘယ်အတွဲကိုအချစ်ဆုံးလဲဆိုတာ ပြောခဲ့ကြပါဦး။
(ပိုပိုလေး)