1. Home
  2. Movie Stars - Celebrity

ဗယ်လင်တိုင်းဒေးမှာ ချစ်သူနဲ့စေ့စပ်လိုက်ပြီဖြစ်တဲ့ Katy Perry

Movie Stars - Celebrity ก.พ. 18, 2562 view 1,576

Katy Perry ဟာအမေရိကန်၊ ဟောလိဝုဒ်အမျိုးသမီး အဆိုတော်တွေထဲက ဝင်ငွေများ အချမ်းသာဆုံး အမျိုးသမီးတစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရသူဖြစ်ပါတယ်။

Katy တစ်ယောက်ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၄) ရက်၊ ချစ်သူများနေ့မှာ သူမရဲ့ ချစ်သူ သရုပ်ဆောင်မင်းသား Orlando Bloom နဲ့စေ့စပ်ကြောင်းလမ်းခဲ့ပါတယ်။

Orlando Bloom ကတော့ နာမည်ကျော် ပင်လယ်ဓားပြကား Pirates of the Caribbean: Dead Men tell no tales ထဲက Will Turner နေရာမှာပါဝင်သရုပ်ဆောင်ထားသူပဲဖြစ်ပါတယ်။

Orlando Bloom နဲ့ Katy Perry တို့ဟာသရုပ်ဆောင်နဲ့ အဆိုတော်လောကမှာ သူ့နေရာနဲ့သူ နယ်ပယ်အသီးသီးအောင်မြင်ကြသူများဖြစ်ကြပါတယ်။

လက်ရှိမှာတော့ နှစ်ဦးသားစေ့စပ်ကြောင်းလမ်းပြီးဖြစ်တဲ့အတွက် မင်္ဂလာပွဲကဘယ်တော့ ဖြစ်မလဲဆိုတာစောင့်မျှော်ကြည့်ရှုရဦးမှာပါပဲ။

Orlando Bloom နဲ့ Katy Perry တို့ချစ်သူနှစ်ဦး စေ့စပ်ကြောင်းလမ်းတာ ဝမ်းသာစရာပါပဲ။ ပရိတ်သတ်ကြီးလဲ Katy တို့စုံတွဲအတွက် ဝမ်းသာဂုဏ်ယူမိတယ်ဆိုရင် like&share လေးလုပ်ဖို့လဲမမေ့နဲ့ဦးနော်။

 

 



Follow us on