1. Home
  2. Football

နည်းပြအဖြစ် လုပ်ကိုင်ချင်တဲ့ လိဂ် ပြောဆိုလိုက်တဲ့ မော်ရင်ဟို

Football ก.พ. 18, 2562 view 1,573

ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ မန်ချက်စတာယူနိုက်တတ် ကနေ ထုတ်ပယ်ခြင်းခံထားရတဲ့ မော်ရင်ဟိုဟာ လတ်တလောမှာ ဘယ်အသင်းကိုမှ နည်းပြအဖြစ်လုပ်ကိုင်သေးခြင်းမရှိဘဲ BelN Sport မှာ ဘောလုံးဝေဖန် သုံးသပ်သူအဖြစ် လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒီမနက် သတင်းမှာတော့ နည်းပြမော်ရင်ဟိုဟာ ပြင်သစ်လီဂူး ၁ မှာ နည်းပြချင်တဲ့ အကြောင်းကို ဝန်ခံလိုက်ပါတယ်။

“ကျွန်တော် ဝန်ခံပါတယ်၊ မတူညီတဲ့ နိုင်ငံ ၄ နိုင်ငံကလပ်တွေမှာ နည်းပြအဖြစ် လုပ်ကိုင်ခဲ့ပြီးပါပီ ၊  နောက်ထပ်လည်း မတူညီတဲ့ နိုင်ငံကလပ်တွေမှာ နည်းပြအဖြစ် ဆောင်ရွတ်ဖို့  ဆန္ဒ ရှိပါတယ်။ လီဂူး ၁ ကိုလည်း သဘောကျပါတယ်” လို့ မော်ရင်ဟို ကပြောဆိုလိုက်ပါတယ်။

ပီအက်စ်ဂျီအသင်း ဟာ ငွေကြေးအင်းအားတောင့်တင်း တဲ့ အသင်းဖြစ်တာကြောင့် မော်ရင်ဟို ဟာ နည်းပြအဖြစ်လုပ်ကိုင်ပါက ပီအက်စ်ဂျီအသင်းကို နည်းပြဖြစ်ဖို့ များတယ်လို့ ဘောလုံးသုံးသပ်သူများက ထင်ကြေးပေးနေကြပါတယ်။

မော်ရင်ဟိုဟာ ပေါ်တူဂီ ၊ စပိန် ၊ အင်္ဂလန် ၊အီတလီ စတဲ့ မတူညီတဲ့ နိုင်ငံ ၄ နိုင်ငံ တို့မှာ အောင်မြင်မှုတွေရယူခဲ့တဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။

 



Follow us on