1. Home
  2. Movie Stars - Celebrity

အငယ်ဆုံးသမီးလေးဗီဗီယန်နဲ့ လက်တွဲပြီးဈေးဝယ်ထွက်ခဲ့တဲ့ အင်ဂျလီနာဂျိုလီ

Movie Stars - Celebrity ก.พ. 18, 2562 view 1,946

အင်ဂျလီနာနဲ့ ဘရက်ပစ်တို့ဟာ သားသမီး (၆) ယောက်ရှိပါတယ်။ ထိုထဲကမှာ (၃) ယောက်က သားသမီးအရင်းဖြစ်ပြီး ကျန်(၃) ယောက်ကတော့ မွေးစားထားတာပဲဖြစ်ပါတယ်။

သမီးအငယ်ဆုံးလေး ကတော့ အမြွှာနှစ်ယောက်ရှိတဲ့ထဲက အငယ်လေးပဲဖြစ်ပါတယ်။ ၂၀၁၉ မှာ အမြွှာလေးတွေက အသက်(၁၀) နှစ်တိတိပြည့်ပါပြီ။

ပြီးခဲ့တဲ့ လပိုင်းလောက်က ဘရက်ပစ်ကသား၊သမီးတွေကို ဘော်ဒီဂတ်နဲ့ထားတဲ့အတွက် ဂျိုလီကိုမကျေနပ်ကြောင်းပြောကြားခဲ့ပါတယ်။ ဂျိုလီတစ်ယောက် ကလေးတွေကို စောင့်ရှောက်ဖို့ တာဝန်ယူထားပြီး အမှန်တကယ်တမ်း အချိန်မပေးနိုင်တာဟာ မတရားဘူးလို့ သတင်းတွေပေါ်ထွက်လာခဲ့ပါတယ်။ပစ်ဆီက ကလေးတွေကိုဘော်ဒီဂတ်နဲ့ထားတာ မကြိုက်ဘူးလို့ပြောတာကိုကြားပြီးနောက် ဂျိုလီတစ်ယောက် ကလေးတွေကိုအရင်ကထက် အချိန်ပိုပေးလာတာတွေ့ရမှာပါ။

အခုလဲ ဂျိုလီက သမီးအငယ်ဆုံးလေး ဗီဗီယန်နဲ့အတူ ဈေးဝယ်ထွက်ခဲ့ပါတယ်။ အရွယ်ရောက်လာပြီဖြစ်တဲ့ ဗီဗီယန်ဟာအသက်ကြီးလာလေလေ ဂျိုလီနဲ့တူလာတယ်လို့ လူအများကပြောကြပါတယ်။

ဗီဗီယန်လေးက ငယ်စဉ်ကတည်းက အနုပညာကိုဝါသနာပါခဲ့ပုံပါပဲ။ ဂျိုလီနဲ့အတူ Malificent ရုပ်ရှင်ဇာတ်ကားကြီးမှာ Sleeping Beauty ရဲ့ ငယ်ဘဝနေရာက သရုပ်ဆောင်ထားတာတွေ့ရမှာပါ။

ထိုအချိန်ကတည်းက ချစ်စရာကောင်းတဲ့ ဗီဗီယန်ကိုလူအများကသတိထားမိခဲ့ကြပါတယ်။ အသက်အရွယ်အားဖြင့် ငယ်သေးပေမယ့် သရုပ်ဆောင်ကောင်းတဲ့ ဗီဗီယန်ကို လူချစ်လူခင်များပြားလာခဲ့ပါတယ်။

 

 

 



Follow us on