1. Home
  2. Movie Stars - Celebrity

ဇာတ်ကားရိုက်ကူးဖို့အတွက်မြန်မာနိုင်ငံရောက်ရှိနေတဲ့ Mark နဲ့ Mew

Movie Stars - Celebrity ก.พ. 18, 2562 view 1,957

မြန်မာပရိတ်သတ်တွေနဲ့ သိပ်မစိမ်းလှတဲ့ Mark Prin နဲ့ Mew Nittha တို့ဟာ ထိုင်းနိုင်ငံမှာသာမက အရှေ့အာရှနိုင်ငံတွေမှာ လူသိများကျော်ကြားကြတဲ့ မင်းသား၊ မင်းသမီးတွေပဲဖြစ်ပါတယ်။ Mark နဲ့ Mew တို့ဟာဇာတ်ကားရိုက်ကူးရေးအတွက် လတ်တလောမှာမြန်မာနိုင်ငံရောက်ရှိနေတာပဲဖြစ်ပါတယ်။

Mark နဲ့ Mew တို့ရဲ့ ချောမောလှပတဲ့ ရုပ်ရည်နဲ့ သရုပ်ဆောင်ကောင်းမှုကြောင့် သူတို့ပါဝင်တဲ့ ဇာတ်ကားတိုင်းကလဲအောင်မြင်ကြပါတယ်။

ဒီလိုမျိုး အောင်မြင်မှုတွေရရှိထားတဲ့ Mark နဲ့ Mew တို့ကိုမြန်မာပရိတ်သတ်တွေ တွေ့ဆုံနိုင်ဖို့ အကြောင်းဖန်လာတာဝမ်းသာစရာပါပဲ။ ဇာတ်ကားရိုက်ကူးရေးကိုတော့ ရန်ကုန်၊ အင်းလေး နဲ့ ပုဂံတို့မှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။

(၆) ရက်တာ ကြာမြင့်မယ့် ဒီရိုက်ကူးရေးခရီးစဉ်ဟာ Mark နဲ့ Mew ကိုတွေ့ဆုံချင်ကြတဲ့ ပရိတ်သတ်တွေအတွက်တော့ မဟာအခွင့်အရေးကြီးပါပဲ။ ရိုက်ကူးမယ့် ဇာတ်လမ်းတွဲနာမည်ကတော့ My Husband In Law ဖြစ်ပြီး Channel 3 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

ရိုက်ကူးရေးအတွက် Mark နဲ့ Mew တို့နဲ့အတူ ထိုင်းအစီအစဉ်တင်ဆက်သူ Anne Thongparasom ကလဲဇာတ်လမ်းတွဲထုတ်လုပ်သူအနေနဲ့ လိုက်ပါလာကြောင်းသိရပါတယ်။

ဇာတ်ကားက မရိုက်ခင်ကတည်းက Mark နဲ့ Mew တို့ရဲ့ အောင်မြင်ကျော်ကြားမှုကြောင့် ကြည့်ချင်သူတွေများနေပါပြီ။ အာရှတစ်ခွင်မှာ နာမည်ကြီးလာဦးမယ့် ထိုင်းဇာတ်လမ်းတွဲမှာ မြန်မာနိုင်ငံရဲ့အလှတရားတွေ ဘယ်လိုပုံစံနဲ့ ပါဝင်မလဲဆိုတာစိတ်ဝင်တစား စောင့်ကြည့်ချင်စရာပါပဲ။

Credit-Momolay

 



Follow us on