1. Home
  2. Movie Stars - Celebrity

ရိုက်ကူးရေးအတွက်ညောင်ရွှေ၊ အင်းလေးသို့ ရောက်ရှိနေပြီဖြစ်တဲ့ Mark နဲ့ Mew

Movie Stars - Celebrity ก.พ. 19, 2562 view 1,548

ထိုင်းနိုင်ငံက နာမည်ကြီး နှစ်ယောက်ဖြစ်တဲ့ Mark နဲ့ Mew တို့မြန်မာကို ဇာတ်လမ်းတွဲ ရိုက်ကူးရေးအတွက်ရောက်ရှိနေကြတာပဲဖြစ်ပါတယ်။ ယမန်နေ့က ရွှေတိဂုံဘုရားမှာ ရိုက်ကူးရေးကို စတင်ခဲ့ပြီး ဒီနေ့ မနက်ခင်းပိုင်းမှာတော့ ရန်ကုန်ကနေ ဟဲဟိုးလေဆိပ်သို့ ထွက်ခွာခဲ့ပါတယ်။

ယခုနေ့ခင်းပိုင်းအချိန်မှာတော့ Mark ရော Mew ရော ညောင်ရွှေ၊ အင်းလေးသို့ ရောက်ရှိနေပြီဆိုတာ ဆိုရှယ်မီဒီယာအကောင့်ကိုယ်စီမှာတင်ခဲ့ကြပါတယ်။ ရွှေတိဂုံမှာ ရိုက်ကူးတဲ့ ရိုက်ကွင်းမှာတော့ မြန်မာပရိတ်သတ်တွေ Mark နဲ့ Mew ကိုလာရောက်အားပေးခဲ့ကြောင်း ထုတ်လုပ်ရေးပရိုဂျူဆာ က Instagram story ကနေ တင်ခဲ့ပါတယ်။

ညောင်ရွှေနဲ့ ရှမ်းပြည်တောင်ပိုင်း တစ်ဝိုက်က ပရိတ်သတ်တွေအတွက် Mark နဲ့ Mew ကို တွေ့ဆုံနိုင်မယ့်မဟာအခွင့်အရေးကြီးပါပဲ။

Mark နဲ့ Mew လာရောက်ရိုက်ကူးတဲ့ဇာတ်လမ်းတွဲနာမည်ကတော့ My Husband in law ဖြစ်ပြီး Channel 3 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေးက အခုမှစရိုက်နေပေမယ့် Mark နဲ့ Mew တို့ရဲ့ အရှိန်အဝါကြောင့် ကြည့်ရှုလိုသူတွေ ဆထက်တစ်ပိုး များပြားလာပါပြီ။

ရိုက်ကူးရေးအတွက် ညောင်ရွှေပြီးရင် ပုဂံကိုဆက်သွားမယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံက နာမည်ကြီးအနုပညာရှင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေမှာ လာရောက်ရိုက်ကူးတာဟာ ဂုဏ်ယူဝမ်းမြောက်စရာပါပဲ။ မြန်မာနိုင်ငံက အလှတရားတွေ ထိုင်းဇာတ်လမ်းတွဲမှာ ဘယ်လိုပုံပန်းသဏ္ဍန်နဲ့ ပါဝင်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။

 

 
 
 
 
 
 
 
 
 
 
 
 
 

#brs #อกเกือบหักแอบรักคุณสามี

A post shared by Angkana Jirayungyurn (@pujira) on

 

 



Follow us on