1. Home
  2. Movie Stars - Celebrity

ဇတ်ဝင်ခန်းထဲမှာ ဖောက်ခွဲပြဖို့အတွက် ကား ၅ စီကို သိန်း(၈၀၀) အကုန်ကျခံဝယ်ယူခဲ့တဲ့ Line Walker ရုပ်ရှင်

Movie Stars - Celebrity ก.พ. 19, 2562 view 1,454

လက်ရှိ မြန်မာပြည်သားပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာသာမက အနုပညာရှင်တွေကြားမှာပါ စိတ်ဝင်တစား နာမည်ကြီးနေတာကတော့ Line Walker ရုပ်ရှင်ကားကြီးပဲဖြစ်ပါတယ်။ Line Walker ရုပ်ရှင်ဟာဆိုရင် ဟောင်ကောင်နိုင်ငံရဲ့ နာမည်ကြီးအက်ရှင်ဒရမ်မာရုပ်ရှင်တစ်ခုဖြစ်ပြီး အောင်မြင်မှုတွေများစွာရရှိခဲ့တာကြောင့် Line Walker 2 ကိုဆက်လက်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ Line Walker 2 ရုပ်ရှင်ထဲမှာပါဝင်မယ့် ဇတ်ဝင်ခန်းအချို့အတွက်တော့ သိန်းပေါင်းများစွာအကုန်ကျခံကာ မြန်မာနိုင်ငံထိ တကူးတကလာရောက်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။

ရန်ကုန်မြို့လယ်ခေါင်ကို အခြေတည်ကာ ဆူးလေးဘုရားလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းအနီးတစ်ဝိုက်မှာ ရိုက်ကူးသွားမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စတင်ရိုက်ကူးခဲ့ကာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ထိ ရိုက်ကူးမှာဖြစ်တယ်လို့သိရပါတယ်။ ရိုက်ကူးရေးအတွက်အဆင်ပြေစေဖို့ကိုလည်း မြို့လယ်ခေါင်ကလမ်းအချို့ကို လမ်းပိတ်၊ လမ်းလွှဲများပြုလုပ်ထားပြီး လုံခြုံရေးတွေလဲ သေချာတိုးမြှင့်ထားတယ်လို့ သိရပါတယ်။

နိုင်ငံတစ်ကာအဆင့်မှီရိုက်ကူးပြသသွားမယ့် နာမည်ကြီးနိုင်ငံခြားရုပ်ရှင်တစ်ခုကို မြန်မာနိုင်ငံမှာလာရောက်ရိုက်ကူးနေတာကြောင့် အများပြည်သူအားလုံးက သူတို့ရဲ့ရိုက်ကွင်းပုံစံနဲ့ ဘယ်လိုတွေရိုက်ကူးမှုပြုလုပ်ကြလဲဆိုတာကိုတော့ သိချင်စောတွေများနေတာပဲဖြစ်ပါတယ်။ မိနစ်ပိုင်လေးစာသာ ပါဝင်မယ့် ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ချို့ကို ရန်ကုန်မြို့ရဲ့ မြို့လယ်ခေါင်မှာ အခြေတည်ရိုက်ကူးနေပြီး သေနတ်အစစ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ အထူးရဲတွေကို အသုံးပြုပြီးရိုက်ကူးသွားမှာဖြစ်တယ်လို့ ကြောငြာနေတုန်းမှာပဲ ဇတ်ဝင်ခန်းထဲမှာ ဖောက်ခွဲရေးလုပ်ပြဖို့အတွက် ကား (၅)စီးကိုပါ သိန်း (၈၀၀) အကုန်ကျခံပြီး ၀ယ်ယူခဲ့တယ်လို့ အကယ်ဒမီ အန်တီဆွေဇင်ထိုက်က ပြောပြလာတာပဲဖြစ်ပါတယ်။

“ဖြတ်လျှောက်လဲပဲ တစ်နာရီကို ဒေါ်လာ ၃၀ နဲ့ခေါ်ပါတယ်။ ဖြတ်လျှောက်အဆင့်တောင် ဒီလောက်ဆို စဉ်းစားကြည့်လေ။ Line Walker 1 တုန်းက သူတို့ရုံတင်တာ သန်း (၉၀) ရတယ်။ အခုလည်းဒီမှာလာပြီးတော့သုံးတာ သန်းနဲ့ချီပြီး သုံးပါတယ်။ ကားတွေလည်းဖောက်ခွဲဖို့ ၀ယ်ရတယ်၊ ၀ယ်တဲ့ကားတွေဆို ၅ စီးဝယ်တာ သိန်း (၈၀၀) ကျတယ်။ တကယ်ဆို ၂၀ ၀ယ်ရမှာလေ။ အဲ့ဟာကို ကျွန်မကိုသူများတွေကပြောတယ်။ အန်တီ ကားဖိုးနဲ့တင်ပဲ ကျွန်တော်တို့တိုင်းပြည်မှာ ၂ ထုပ်ရိုက်လို့ရတယ်။ ဒီရုပ်ရှင်ကားကတော့လေ တံခါးတစ်ပေါက်ကိုဖွင့်ဖို့အတွက် သော့တံတစ်ချောင်းကိုဖန်တီးပေးလိုက်နိုင်တယ်လို့ ထင်ပါတယ်” ဆိုပြီး မီဒီယာတစ်ခုကနေ ပြောကြားသွားတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရိုက်ကူးခွင့်မရခဲ့ရင် လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ သွားရောက်ရိုက်ကူးဖို့ ပြင်ဆင်ထားခဲ့တဲ့ ဒီလိုမျိုး နိုင်ငံတစ်ကာအဆင့်မှီရုပ်ရှင်ကားကြီးထဲမှာတော့ မြန်မာ့အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ အောင်မြင့်မြတ်နဲ့ လင်းအောင်ခေတ်တို့နှစ်ယောက်က ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ လင်းအောင်ခေတ်နဲ့ အောင်မြင့်မြတ်တို့နှစ်ယောက်ဟာ အထူးရဲတပ်ဖွဲ့နေရာကနေ ပါဝင်သရုပ်ဆောင်ရတာဖြစ်ပြီး အတွေ့အကြုံကောင်းတွေလဲ ရခဲ့တယ်လို့နှစ်ယောက်လုံးက ဆိုပါတယ်။ ပါဝင်ရတဲ့ဇာတ်ကောင်က အဓိကမကျပေမယ့်လည်း ဘ၀ရဲ့အချိုးအကွေ့တစ်ခုဖြစ်လာနိုင်တာကြောင့် ရင်ခုန်စိတ်လှုပ်ရှားမိတယ်လို့လဲ ဆိုသွားပါသေးတယ်။

 

 



Follow us on