မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ ပိုလန် လိဂ်ပွဲစဉ် တစ်ပွဲဖြစ်တဲ့ Legia Warsaw နဲ့ Cracovia တို့ပွဲစဉ်မှာVAR ကြောင့် ရယ်ရမလို ငိုရမလို ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။
အဝေးကွင်းမှာလာရောက်ယှဉ်ပြိုင်ရတဲ့ ဧည့်သည် Cracovia အသင်းဟာ အိမ်ရှင် Legia Warsaw အသင်းကို Javi Hernandez ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ အိမ်ရှင် Legia Warsaw အသင်းဟာ ၇၄ မိနစ်မှာ အသင်းရဲ့ကစားသမားတစ်ဦးဖြစ်တဲ့ William Remy ၂ ၀ါ ၁ နီ နဲ့အထုတ်ခံခဲ့ရပြီး ပွဲပြီးတဲ့အထိ ၁၀ ယောက်ထဲနဲ့ယှဉ်ပြိုင်ခဲ့ရတာပါ။
ဒါပေမယ့် ဒီလို အထုတ်ခံခဲ့ရတာဟာ ပုံမှန်တော့မဟုတ်ခဲ့ပါဘူး။
William Remy ဟာ ပွဲကစားချိန် ၇၄ မိနစ်မှာ ပြိုင်ဘက်ကစားသမားကိုတက်နင်းခဲ့လို့ နောက်ထပ် တစ်ဝါအပြခံရကာ ၂ ၀ါ ၁ နီ နဲ့ ထုတ်ပယ်ခံခဲ့ရပြီး အ၀တ်လဲခန်းထဲကိုဝင်ရောက်သွားခဲ့ပါတယ်။
ခဏအကြာမှာ ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး Remy ကိုကွင်းထဲပြန်ခေါ်ခဲ့ပါတယ်။
ပြန်အခေါ်ခံခဲ့ရတဲ့ Remy ဟာ အ၀ါကတ်ကိုပယ်ဖျက်ပေးတယ်မှတ်ပြီး ကွင်းထဲကိုဝမ်းသာအားရပြန်ဝင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပယ်ခဲ့ပါတယ်။
သူကျုးလွန်ခဲ့တဲ့ပြစ်ဒဏ်ဟာ ကြီးမားတယ်လို့ယူဆတာကြောင့် ကွင်းလယ်ဒိုင်ဟာ ၂ ၀ါ ၁ နီ အစား တိုက်ရိုက် အနီကတ် နဲ့ ထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အားရ၀မ်းသာနဲ့ကွင်းထဲကိုပြန်ဝင်လာတဲ့ Remy ဟာ VAR ပြန်ကြည့်ပြီး ဆုံးဖြတ်ခဲ့တဲ့ ဒိုင်လူကြီးရဲ့ တိုက်ရိုက်အနီကတ်ကြောင့် အူကြောင်ကြောင်နဲ့ပဲ အ၀တ်လဲခန်းထဲကိုပြန်ဝင်သွားခဲ့ရပါတယ်။
ဗီဒီယို