1. Home
  2. Special or Others

ဗုဒ္ဓဘာသာဆုတောင်းပွဲမှာ သမာဓိကျင့်စဉ် စွမ်းအားကို ပြသခဲ့တဲ့ ဘုန်းတော်ကြီး (ရုပ်သံ)

Special or Others ก.พ. 20, 2562 view 1,704
တရုပ်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီ “ဟွီယန်” ဟာ ထိုင်ဝမ်က ဘုန်းကြီးကျောင်းမှာ ပြုလုပ်တဲ့ ဘာသာရေးပွဲမှာ သာမန်လူပုဂ္ဂိုလ်မစွမ်းနိုင်တဲ့ ပုံစံမျိုးနဲ့ ကောဇောနီ တစ်လျှောက် ဆုတောင်းပြီး ပရိတ်ရေတွေ ပက်ဖျန်းခဲ့တဲ့ ရုပ်သံ အွန်လိုင်းများ ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုတိုင်း အံ့သြနဘမ်းဖြစ်ခဲ့ရပါတယ်။
 
ထိုင်ဝမ်နိုင်ငံ Longshan Shanjue Tample တစ်လျှောက်ခင်းထားတဲ့ ကော်ဇောနီပေါ်မှာ ဘုန်းတော်ကြီးက ခန္ဓာကိုယ်ကို လှည့်ကာလှည့်ကာနဲ့ ပရိတ်ရေဗူးတွေကို တစ်ဗူးပြီးတစ်ဗူး ဘေးနားက လိုက်ပါလာတဲ့ ဒကာ၊ ဒကာမတွေဆီကနေ ဟန်ချက်ညီညီ ယူပြီး လမ်းတစ်လျှောက် ပက်ဖြန်းခဲ့ပါတယ်။
 
သာမန်လူတွေ နှစ်ပတ်လောက်လှည့်ရင် မူးပြီးလဲကျလောက်တဲ့ အပြုမူမျိုးကို သမာဓိ၊ သတိအားကောင်းကောင်းနဲ့ အပတ်ပေါင်း ၁၅၀ ကျော် လမ်းတစ်လျှောက်လှည့်ပြီး ပူဇော်ခဲ့ပါတယ်။ ရုပ်သံကြည့်ရတဲ့ ပရိသတ်တွေကတောင် ဘုန်းတော်ကြီးအစား မူးလာလို့ တစ်ဝက်လောက်မှာ ခဏရပ်ပြီးမှ ဆက်ကြည့်ရတယ်လို့ မှတ်ချက်ပေးသူတွေလည်း ရှိပြီး ဘုန်းတော်ကြီးရဲ့ ကျင့်စဉ်စွမ်းအားကို ချီးကျူးကြသူတွေ များပြားတာ တွေ့ရပါတယ်။
 


Follow us on