ကမ္ဘာကျော် ဟောလိဝုဒ်ပေါ့ပ်အဆိုတော် လေဒီဂါဂါနဲ့သူမချစ်သူ Christian Carino တို့နှစ်ဦး လမ်းခွဲပြတ်စဲလိုက်ပြီဆိုပြီး သတင်းတွေထွက်နေပါတယ်။ လေဒီဂါဂါဟာ လတ်တလော A star is born ရုပ်ရှင်ကားကြီးနဲ့ ဆုများစွာကိုသိမ်းပိုက်ရရှိထားသူ ဖြစ်ပါတယ်။
လေဒီဂါဂါ ချစ်သူ Christian ဟာသူမကို A Star is born ရုပ်ရှင်ဇာတ်ကားကြီးမှာ တွဲဖက်သရုပ်ဆောင်သူ မင်းသား Bradley Cooper နဲ့ပြောဆိုစွပ်စွဲ ခဲ့ကြောင်း ကောလာဟာလတွေထွက်ရှိလာခဲ့ပါတယ်။
ဂါဂါနဲ့ Christian တို့ဟာ ၂၀၁၇၊ ဖေဖော်ဝါရီမှာ လက်တွဲခဲ့ကြတာဖြစ်ပြီး စေ့စပ်ကြောင်းလမ်းခဲ့ကြပါတယ်။၂၀၁၉ မှာတော့ ချစ်သူသက်တမ်း (၂) နှစ်ပြည့်သွားပါပြီ။
ပြီးခဲ့တဲ့ Globel Globe ဆုပေးပွဲကြီးမှာ ဂါဂါနဲ့ သူမချစ်သူတို့ အတူတကွ တက်ရောက်ခဲ့ကြပါတယ်။ သို့ပေမဲ့ ဖေဖော်ဝါရီ (၁၀) ရက်နေ့မှာပြုလုပ်တဲ့ ဂရမ်မီဆုပေးပွဲကြီးမှာတော့ ဂါဂါဟာ ချစ်သူနဲ့အတူ တက်ရောက်ခြင်းမရှိခဲ့သလို စေ့စပ်လက်စွပ်ကို စွပ်ထားခြင်းလဲမရှိခဲ့ပါဘူး။
လတ်တလောမှာ လေဒီဂါဂါဟာ A Star is born ထဲမှာ ဇာတ်ဆောင်မင်းသား Bradley Cooper နဲ့ အတွဲများနေတာကြောင့် သူနဲ့ များ တွဲခုတ်နေကြပြီလားလို့ ပရိတ်သတ်က ထင်ကြေးပေးနေကြပါတယ်။