ပီရူးနိုင်ငံရှိ ဈေးဝယ်စင်တာကြီးတစ်ခုတွင် ကမ္ဘာ့အကြီးဆုံး ဂျင်းဘောင်းဘီကြီးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ခင်ကျင်းပြသခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ကို ချိုးနိုင်ခဲ့သည်။
အဆိုပါ ဂျင်းဘောင်းသီကြီးကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အဝတ်အစား ဖက်ရှင်ပစ္စည်းများ ထုတ်လုပ်သည့် Kansas အမှတ်တံဆိပ်၏ ပီရူးဆိုင်ခွဲက ချုပ်လုပ်ခဲ့ပြီး ဈေးဝယ်စင်တာတွင် ခင်းကျင်းပြသခဲ့ခြင်းဖြစ်သည်။
ဘောင်းဘီကြီးကို လူပေါင်း ၅၀ က ၆ လကြာမြင့်အောင် ချုပ်လုပ်ခဲ့ရသည်။ ဂျင်းဘောင်းဘီကြီး၏ အရွယ်အစားမှာ ၂၂ ထက်တိုက်ကြီးတစ်လုံးစာရှိမည်ဟု ခန့်မှန်းသည်။ ကမ္ဘာ့ဂင်းနစ် ဒိုင်လူကြီးများအဖွဲ့က လာရောက်တိုင်တာခဲ့ရာ အရှည် ၂၁၅ ပေ နဲ့ အကျယ် ၁၄၀ ပေ ရှိပြီး အလေးချိန် ၆ တန်ရှိတဲ့အတွက် ကမ္ဘာ့အကြီးဆုံး ဂျင်းဘောင်းဘီကြီးအဖြစ် ဂင်းနစ်စံချိန်သစ် တင်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဂျင်းဘောင်းဘီကြီးကို လာမည့်တနင်္ဂနွေနေ့ထိ ဈေးဝယ်စင်တာကြီးမှာ ပြသထားမည်ဖြစ်သည်။ ပြီးနောက်တွင်တော့ ဂျင်းဘောင်းဘီကြီးကို ပြန်လည်အသုံးပြုနိုင်တဲ့ ဂျင်းသားအိတ်အလုံး ၁၀,၀၀၀ အဖြစ်ပြောင်းလဲပြီး ပဲရစ်မြို့ရှိ စတိုးဆိုင်တွင် ပလပ်စတစ်အိတ်များ လျှော့ချတဲ့အနေနဲ့ ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
(ပိုပိုလေး)